"....."

"ကိုကို"

"....."

" ကိုကိုလို့ "

"....."

" လျစ်လျူရှုနေရင် လူကြားထဲ ဖက်နမ်းမှာနော် မလုပ်ရဲဘူးမထင်နဲ့ "

"နားငြီးတယ် ကိုယ့်လမ်းနဲ့ကိုယ်သွားစမ်း "

" မသွားပါဘူး "

မင်ဂယူးက ပေကပ်ကပ်လုပ်နေတော့ မျက်စောင်းဝင့်လာသည့် မျက်ပေတုံးလေးက အမှန်တကယ် စိတ်ဆိုးနေသည့်ဟန်။

မင်ဂယူးကတော့ ရှင်းသည်။ မင်ဂယူးစိတ်ကို ကိုကိုက အသိအမှတ်မပြုလျှင် လက်ခံစဉ်းစားမပေးလျှင် မင်ဂယူးကလည်း ကိုကို့စကားကို နားထောင်မည်မဟုတ်။ ကိုကိုလုပ်ပေးနိုင်တာ မင်ဂယူးကို ချစ်ဖို့နဲ့ မင်ဂယူးချစ်သူလုပ်ပေးဖို့ကလွဲ ရွေးစရာမ‌ရှိပါ။ ကိုကိုဆိုးလျှင် မင်ဂယူးကပိုဆိုးမည်။ ကိုကိုလိမ္မာရင်တော့ မင်ဂယူးက ကိုကို့ထက်လိမ္မာမှာပေါ့ ...

" အလုပ်မရှိ ငါ့နောက် တစ်ကောက်ကောက် လိုက်မနေနဲ့ ဂင်မင်ဂယူး ... အတန်းထဲသွားပြန်နေစမ်း ... ကျောင်းမှာဆိုတာ သတိရဦး "

" အတန်းထဲပြန်ရင် ကျွန်တော်နဲ့တွဲပေးမှာလား "

ဘုန်းကနဲ စာအုပ်အထပ်လိုက်နှင့် နားရင်းရိုက်ခံလိုက်ရသည်။ မျက်ခုံးတန်းတွေကို စုကြုံ့ထားပြီး ခပ်စူးစူးအကြည့်တို့နှင့် အလိုမကျဟန်ကို ဖော်ပြနေသော်လည်း မင်ဂယူးမျက်လုံးထဲတော့ ချစ်စရာ ..

" တာဝန်ယူမှုမရှိဘူးနော် ကိုကိုကိုက်လို့ ကျွန်တော့်နှုတ်ခမ်းမှာ ဒဏ်ရာဖြစ်နေတာလည်း ဆေးမလိမ်းပေးဘူး "

" ကိုက်ချင်လွန်းလို့ ထင်နေလား ... မင်းသာ ငါ့ကို အငမ်းမရ လာမနမ်းရင် ကိုက်စရာ အကြောင်းကို မရှိ "

အပေါ်ယံ ဟန်တင်းပြနေသော်လည်း နားရွက်ချွန်ချွန်လေးကတော့ ရဲရဲတွတ်အောင် နီလျက် .... ပြောလိုက်ရင်တော့ သူကပဲ လူကြီး ... သူသာ အသိ ... သူသာအတွေ့အကြုံရှိသူ ... ယခုကျ နမ်းတဲ့အကြောင်းလေး ပြန်ပြောတာနှင့်ပင် ရှက်နေလေပြီ ...

" ဘယ်လိုခံစားရလဲ ကိုကို .... ကျွန်တော်တော်တယ်မလား ... ပထမဆုံးအနမ်းလို့ မထင်ရလောက်အောင် ကောင်းတယ် မဟုတ်လား "

DON'T BABY ME [Short Story] [COMPLETE]Όπου ζουν οι ιστορίες. Ανακάλυψε τώρα