“ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က အစကတည်းက တခြားသူတွေရဲ့အာရုံစိုက်မှုကို ဂရုစိုက်မနေဘူး”

“အင်း ဒါက မင်းရဲ့အသက်မွေးဝမ်းကြောင်းဖြစ်နေတာကြောင့် အခုကစပြီး ဂရုစိုက်နေရမယ်”

မူယွန်က အထဲကို ဆွဲခေါ်လာတော့ ယူအီရင်းက သူ့လက်ကို ဖယ်ချလိုက်ပြီး အခန်းအလယ်က ဆိုဖာဆီသွားထိုင်လိုက်တယ်။ ချက်ချင်းပဲ သူ့အိတ်ကပ်ထဲကို လှန်လှောရှာဖွေပြီးတဲ့နောက် စီးကရက်တစ်လိပ်ကို ထုတ်ယူလိုက်တယ်။
သူက အဖြူရောင်ခပ်သေးသေးစီးကရက်တစ်လိပ်ကို နှုတ်ခမ်းကြားမှာ ညှပ်ရင်း အိတ်ကပ်ထဲက မီးခြစ်ကို ရှာလိုက်ပြီး အရင်တစ်ခေါက်က ဟိုတယ်မှာ ဖြစ်ခဲ့တာကို သတိရသွားတဲ့ပုံစံနဲ့ မူယွန့်ကို ကြည့်လိုက်ပေမဲ့ မူယွန်က ဘာမှမပြောတော့ စီးကရက်ကို မီးညှိလိုက်တယ်။

“ခင်ဗျားပဲ ကျွန်တော့်ကို မတွေ့ချင်တော့ဘူးလို့ ပြောခဲ့တာမလား”

“အဲဲ့ဒါက ကြော်ငြာရိုက်ကူးရေးရဲ့အဆုံးသတ်လေ”

“အဲဲ့ဒါကြောင့်မလို့ ချက်ကောင်းကိုချိန်ပြီး နောက်ကျောဓားနဲ့ထိုးတာလား”

“နောက်ကျောကို ဓားနဲ့ထိုးတယ်ဆိုတာထက် စီးပွားရေးအသစ်တစ်ခုစတယ်လို့ စဥ်းစားကြည့်ပါ”

တကယ်တော့ ဟိုတယ်ခန်းထဲကို သူနဲ့အတူ လိုက်သွားခဲ့တဲ့ညတုန်းက နည်းနည်းအန္တရာယ်များတယ်လို့ တွေးမိခဲ့တာကြောင့် မူယွန်က ယူအီရင်းနဲ့ ထပ်တွေ့ဖို့ မရည်ရွယ်ထားခဲ့ပါ။ တကယ်တမ်းကျတော့ သူက လှပတဲ့ alpha တစ်ယောက်ဆိုပေမဲ့ အနုပညာရှင်တစ်ယောက်ပဲလေ။
မူယွန်ကလည်း အာရုံစူးစိုက်ခံရတဲ့သူတစ်ယောက်ဖြစ်ပေမဲ့ အနုပညာရှင်တစ်ယောက် အာရုံစိုက်ခံရတာမျိုးနဲ့တော့ မယှဥ်သာဘူးပေါ့။ ယူအီရင်းက လူသစ်တစ်ယောက်ဖြစ်ပြီး လှုပ်ရှားမှုတွေ အများကြီးမရှိသေးရင်တောင်မှ သူက တက်သစ်စတစ်ယောက်ဖြစ်တဲ့အတွက် Paparazziတွေ ရိုက်တင်တဲ့ portal site ရဲ့ အဓိက စာမျက်နှာမှာ မကြာခဏ ပါလာတတ်တဲ့သူပဲ။
ဒါကြောင့်မလို့ အတွင်းရေးမှူးယောက ယူအီရင်းကို စိတ်ဝင်စားနေတဲ့မူယွန်ကို စိုးရိမ်နေပြီး အန္တရာယ်ထပ်ဖြစ်လိမ့်မယ်လို့ ထင်နေတာပေါ့။ မူယွန်နဲ့ ယူအီရင်းတို့ တွေ့တဲ့အချိန်တိုင်း သူခံစားမိတာက ယူအီရင်းက မူယွန့်ကို လိုက်ပတ်သက်နေပြီး ဒီတိုင်းသာဆက်သွားရင် မူယွန်က တကယ်ကြီး ယူအီရင်းနဲ့ အဲ့ဒီဆက်ဆံရေးမှာ နစ်မြှုပ်သွားတော့မယ်ဆိုတာပဲ။
ငါတို့ ဒီမှာ အဆုံးသတ်တာ ပိုကောင်းမယ်။ မူယွန်လည်း အဲ့ဒီလိုပဲ ထင်မိတယ်။

SponsorWhere stories live. Discover now