"လာပါပြီ မောင့်သက်ထားရဲ့ "

"အလိုက်တသိ အနားမှာနေပြီး မိသားစုဓာတ်ပုံရိုက်ပါတော့လားမောင်ရယ် အခုတော့ ဘယ်ကောင်မလေးတွေ လိုက်ရိုက်နေသလဲ ပြောစမ်း"

"မဟုတ်ပါဘူး မရဲ့ ရှူခင်းတွေက သိပ်မြတ်နိုးဖို့ကောင်းလို့ နှလုံးသားနဲ့ မှတ်နေမိတာပါ ဘယ်တော့မှ မပျက်တော့ဘူးပေါ့"

"ကဲကဲ ဒီနားလေး ပုံရိုက်ပီးရင် ပြန်နားကြစို့နော် သားလေး ပင်ပန်းနေမှာစိုးလို့"

"ဟုတ်ကဲ့"
သားအဖနှစ်ယောက် ပြိုင်တူဖြေကြသည်။ကျွန်မ စကားအမြဲလိုလို နားထောင်ပေးတတ်တဲ့လူသားလေးတွေပါလေ  တခါတလေ သားရှေ့ကနေ ကာစီးကာစီး လုပ်ပေးတတ်တဲ့ အကျင့်က လွှဲလို့ပေါ့။ ဒါကလည်း အလွန်အကျူးစည်းကမ်းပျက်သည်အထိတော့ သားအဖနှစ်ယောက်လုံး မလုပ်တတ်ပါ။ ကြက်မွှေးကြောက်တာလား ကျွန်မ စိတ်ဆိုးမှာ ကြောက်တာလားတော့ သူတို့နှစ်ယောက်သာ အဖြေမှန် သိပါလိမ့်မည်။
ပုဂံမှာ ၅ရက်လောက်လည်ပြီးတော့ မန္တလေးပြန်လာဖြစ်ခဲ့သည်။ခရီးကရောက်ရောက်ခြင်းအလုပ်တန်းမလုပ်ဘဲ နေစေချင်သည့်အတွက် စနေနေ့ အမှီပြန်ခဲ့ကြသည်။ တနင်္ဂနွေတရက်လုံးလည်း ကျွန်မ ဘာမှမလုပ်ရပါ။ မောင်ကပဲ သားနဲ့ ကျွန်မအတွက် စားစရာ ပြင်ပေး အဝတ်တွေ လျှော်စက်ထဲ ထည့်လှည့် နဲ့ ဗျာများနေခဲ့သည်။ ကူပေးရင်လည်း နာစေချင်တာကို ပြောစကားနားမထောင်ဘူးဆိုပြီး စိတ်ဆိုးတာကြောင့် သားနဲ့ ကျွန်မ ဧည့်ခန်းမှာ သာ အသာထိုင်ရင်း tv ကြည့်ရင်း မောင်ထမင်းစားဖို့ လာခေါ်တဲ့အတွက် ထစားရင်း အလိုက်သင့်လေးဖြတ်သန်းဖြစ်ခဲ့သည်။
"မနက်ဖြန် မ ရုံးသွားရင် သားကိုသင်တန်းပို့ပြီးတာနဲ့ မောင် မေမေတို့အတွက် ဝယ်လာတာလေး သါားပေးဦးမယ်နော်"

"သွားလေ မောင်ရဲ့... ရောက်တဲ့နေ့ကတည်းက ပေးခိုင်းနေတာ မောင်ပဲမသွားတာ"

"ကျုပ်သွားရင် ခင်ဗျားတို့ သားအမိတတွေက မနားဘဲ လိုက်လာကြဦးမယ်မဟုတ်လား""ပြီးရင် ပင်ပန်းပြီး ဖျားကြမယ်""ကျုပ်ကပဲ ပြုစုရဦးမယ်လေ"

"မောင်က ငြိုငြင်တယ်ပေါ့"

"မောင်ချစ်တဲ့လူတွေကို ကျန်းကျန်းမာမာနဲ့ အနားမှာရှိစေချင်တာ အဲ့အတွက် မောင်တတ်နိုင်သမျှ စောင့်ရှောက်ချင်တာပါနော် သိပ်ချစ်လွန်းလို့ သိရဲ့လား"

အချစ်ရဲ့ အလိုအတိုင်းWhere stories live. Discover now