Part.7

2.3K 238 12
                                    

အချိန်တွေသည်တရွေ့ရွေ့နဲ့ကုန်ဆုံးသွားသည်..
ဆောင်းရာသီရောက်လာပြီမို့လို့ အပြင်မှာနှင်းတွေကျလာပြီဖြစ်သည် ...နေရောင်ခြည်နွေးနွေးသည်မှန်ပြတင်းပေါက်နေစတင်ထိုးဖောက်လာသည် ...

အချိန်ပိုင်းအလုပ်သွားဖို့ ပြင်ဆင်နေတဲ့ Taehyung နား Jungkookရောက်လာကာ ပါးလေးကို
ဖိကပ်နမ်းလိုက်ကာဆိုလာသည် ...

"Tae မနက်စာစားသွားဦးလေ .. "

"စားမယ်လေ Jeon ... "

စားပွဲပေါ်မှာ ပူပူနွေးနွေးရှိနေသေးသော
နွားနို့ကိုယူသောက်လိုက် ပေါင်မုန့်သွားလိုက်ဖြင့်အလျင်စလိုလုပ်နေသည့်Taehyungအား ..

"ထယ် ဖြေးဖြေးစားလေ နင်နေအုံးမယ် .. "
"အလုပ်နောက်ကျမှာဆိုးလို့ပါ Jeonရယ် .. "

"ဒီနေ့ ကိုယ်လိုက်မပို့တော့ဘူးနော် .. "

"အော ရပါတယ် .. "

Jeonကလည်း သူဌေးတစ်ယောက်အိမ်မှာ
ပိတ်ရက်တိုင်း စာရင်းဇယားတွေစစ်ပေးရသည်
ဟုပြောသည် ..တစ်ခါတစ်လေ အလုပ်များတဲ့အခါမျိုးဆို ညတွေအိပ်ပေးရတာမျိုးလည်းရှိတယ် .. လစာလည်း အတော်လေးရသည်..ကျောင်းတောင်နေ့တိုင်းမတတ်ဖြစ်တော့တဲ့ Jeon ..

ပိတ်ရက်ကျဒေါ်လေးဆီခဏအလည်ပြန်ဖို့ပြောရမည် ...

"Jeon နောက်တစ်ပတ်ပိတ်ရက်ကျရင်
ဒေါ်လေးဆီအလည်သွားရအောင်လေ .. Tae အချိန်ပိုင်းနားလိုက်မယ်လေ .. "

Jungkook မျက်နှာမအီမသာဖြစ်သွားသည်ကို Taehyungသိပါသည်...

"Jeon နားလို့မရဘူးပေါ့ .. "

"ဟုတ်တယ် Taeရဲ့ စာရင်းချုပ်မယ့်ရမှာဆိုတော့
လေ .. "

"ဒါဆိုလဲ Taeတစ်ယောက်ထဲပဲသွားလိုက်တော့မယ်လေ .. "

Taehyung နှစ်ယောက်ထဲသွားချင်တာကြောင့် မျက်နှာကလေးညိုးကျသွားတော့တာ ..

"နောက်ကျကိုယ်တို့အတူသွားကြတာပေါ့ .. "

"အော .. သွားတော့မယ် .. "

"ဂရုစိုက်သွားနော် ထယ် .. ချစ်တယ် "

"ချစ်တယ် Jeon .. "

ထိုသို့သာပြောပြီး အိမ်မှထွက်လာခဲ့တော့သည် ...
ထွက်သွားသည့်Taehyungကျောပြင်ကို
တွေတွေကြီးငေးကြည့်နေတာ ..

Black Heart { Completed }Where stories live. Discover now