၁၇၅( မခုတ်တတ်တဲ့ကြောင် )

Start from the beginning
                                    

" ရန်သူတွေ့ပြီ... "

ဘယ်ခြမ်းမှ လူသစ်များက ချက်ချင်း သတင်းပို့လိုက်ကြသည်။

ပုန်းအောင်းနေသော ဟူပင်း အပါအဝင် လူသစ်အားလုံးမှာ ဘယ်ခြမ်းသို့ ချက်ချင်း အာရုံစိုက်လိုက်ကြ၏။ အခြေအနေမှာ စတင် တင်းမာလာလေပြီ။

ဘယ်ခြမ်းမှ ဝေ့ယွမ် ပေါ်လာပြီးနောက်တွင် ညာခြမ်းကို တာဝန်ယူထားသူ လောင်ရှုဟန် က...

" ဒီဘက်ခြမ်းမှာ လူ ငါးယောက်လောက် ရှိမယ်လို့ ရှုချန်း ပြောလိုက်တယ်... ငါတို့ သွားရမယ့် လမ်းလည်း သူပြထားတယ်... ငါ့နောက် လိုက်ခဲ့ကြ... စနိုက်ပါတွေ... ရှုချန်း ဝိုင်းပြထားတဲ့ နေရာမှာ ရန်သူ စနိုက်ပါတွေ ရှိတယ်... အတတ်နိုင်ဆုံး မြန်မြန် ရှင်းပစ်လိုက်... "

စနိုက်ပါသုံးဦးက လွန်စွာ လေးနက်သော မျက်နှာထားဖြင့် ခေါင်းညိတ်လိုက်ကြပြီး ချက်ချင်းဆိုသလိုပင် ရန်သူ စနိုက်ပါများ တည်ရှိရာ ဧရိယာသို့ ချိန်ရွယ်ထားလိုက်ကြ၏.

စနိုက်ပါ သုံးဦး အဆင်သင့်ဖြစ်သည်ကို မြင်လိုက်ရသောအခါ လောင်ရှုဟန် က ကျန်တပ်သား ကိုး ဦးအား...

" အသင့်ပြင်... ငါတို့ ဝင်တိုက်မယ်... "

ကိုးဦးလုံး ခေါင်းညိတ်ပြပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်ကြ၏။ လောင်ရှုဟန် က သူ့လူများကို ရန်သူ ဧရိယာထဲသို့ တစ်ယောက်ချင်း စေလွှတ်လိုက်သည်။

" ရန်သူတွေ့ပြီ... "

လောင်ရှုဟန် နှင့် အဖွဲ့ကို တွေ့လိုက်သော လူသစ် စနိုက်ပါက သတင်းပေးလိုက်သည်။ သို့သော် စနိုက်ပါ ရိုင်ဖယ်များပါ ဆက်တိုက်ပစ်ခတ်နိုင်ခြင်း မရှိ၍ ပထမ တစ်ချက် ပစ်လိုက်သည်နှင့် တစ်ဖက်ရန်သူမှ စနိုက်ပါ တည်နေရာကို ချက်ချင်း သိရှိသွားနိုင်သည့်အတွက် နောက်ထပ် ထပ်မံ ပစ်ခတ်ခြင်းများကို ရှောင်တိမ်းနိုင်ပေမည်။

လူသစ် စနိုက်ပါ တစ်ဦးမှ စီနီယာ တပ်သား တစ်ဦးကို ပစ်ခိုက်လိုက်၏။ ထို့ကြောင့် လောင်ရှုဟန် က အဖွဲ့ဝင်များကို ကျည်ကွယ်ရာ တစ်ခုသို့ လျင်မြန်စွာ ဦးဆောင် ခေါ်သွားပြီး...

နတ်နဂါးစစ်သည်Where stories live. Discover now