"မောင်---
မကို ထမင်းခွံ့ကျွေး မ အရမ်းပင်ပန်းနေလို့ မောင် ပုခုံးပေါ်မှီရင်း‌ဝါးတဲ့အလုပ်ပဲ လုပ်တော့မယ်"

"အယ်ဗျာ company ရဲ့ CEO တစ်ယောက်လုပ်နေပြီး ထမင်းခွံ့ကျွေးခိုင်းနေတာ ရှက်ဘူးလားဗျာ"

"ကိုယ့်ချစ်တဲ့သူကို ဒါတောင်မလုပ်ပေးနိုင်ဘူးလားမောင်""ရှက်နေသလား မောင်က"
ဆက်ပြောနေရင် ရွှေစိတ်တော် ညိုးတော့မယ်မဟုတ်လား အသံတိတ်ပြီး ထမင်းကျွေးတဲ့အလုပ်ဟာ အခုချိန် ပနံအသင့်ဆုံးဖြစ်ပါလိမ့်မည်။
ရုံးဆင်းချိန်ထိ စာအုပ်ဖတ်ရင်းသူ့ရုံးခန်းမှာပဲ ထိုင်စောင့်နေမိတယ်။အလုပ်လုပ်နေရင် သိပ်တည်ငြိမ်တဲ့ ကျွန်တော့်သက်ထားပါလေ ချွဲတတ်တယ်လို့ ဘယ်သူထင်ပါ့မလဲ....
------
အိမ်ရောက်တော့
သူမအတွက် သံပုရာရေလေး ဖျော်ပေးနေတုန်း မကတော့ အမေနဲ့ ဘာတွေ လေတည့်နေသလဲမသိပါဘူး မနားတမ်းပြောနေပြန်သည်။အမေပြောတာထောက်ခံပေးလိုက် မ ပြောတာ အမေပြန်ထောက်ခံပေးလိုက်နဲ့ ကျွန်တော့်ကိုတောင် မေ့နေပြီ ထင်ရဲ့...

"မ"
"အအေးလေးသောက်ပါဦး"
" မေမေ ကျွန်တော် ဘာကူလုပ်ပေးရဦးမလဲဟင်
ဖေဖေရော ခြံထဲမှာပဲလား နားနားနေနေနေဖို့ ပြောပါဦးမေရယ်"

"နေနေ ဖေ့ကိုလည်း နားတော့လို့ မေပဲ ပြောလိုက်မယ် ကိုယ့်ဘာသာ အဝတ်သွားထုပ်ချေ"

"ဟောဗျာ ဘာအဝတ်ထုပ်ရမှာလဲ မေမေ ခရီးသွားရမာလား ဘယ်လောက်ကြာမှာလဲဟင် မနဲ့ တစ်ရက်နှစရက်လောက်ထပ်နေလို့မရဘူးလား ခုမှ အားတာလေ မ က"🥹

"မဟုတ်က ဟုတ်ကကွယ် မင်း မမ က သူခေါ်သွားမယ်တဲ့ မင်းကို အလုပ်သင်ပေးမယ်ပြောနေတာပဲ""မလိုက်ချင်လည်းနေချေ"

"ဗျာ"
"မေတို့ လက်တိုလက်တောင်းခိုင်းစရာလူမရှိတော့ဘဲနေမျာပေါ့ ဒါမယ့် မ နောက်ကလည်း လိုက်သွားချင်တယ်"

"မင်းကို အမျိုးမျိုးကွယ် သွားပါ အဝတ်ထည့်ချေ ရုံးပိတ်ရက်ကျ နှစ်ယောက်အတူ အိမ်လာခဲ့ကျပေါ့ ဟုတ်ပြီလား"

"ဟီးးးးဟီး"
"ဟုတ် ဟုတ်"

"အမလေး ကလေးရယ် ‌ဖြေးဖြေးပါကွယ် မင်းသွားတွေလည်း ကျွတ်ကုန်ပါဦးမယ်"

အချစ်ရဲ့ အလိုအတိုင်းWhere stories live. Discover now