မျက်နှာငယ်နဲ့ဘယ်လိုရုပ်လေးမှန်းမသိ!

"ဟုတ်ပါပြီ ဟုတ်ပါပြီ ကျတော်မသွားတော့ဘူးနော်"

"အဲ့ဒါဆို ကိုကို့ ကိုရေသွားခပ်ပေးအုန်းနော်"

"အော် ကျတော့်ကိုခိုင်းစားဖို့ခေါ်ထားတာကို"

"ဟျောင့် မနေချင်မနေနဲ့ လစ်"

ငါ ကိုကို့ရဲ့စကားကြောင့် ပြုံးရင်း အခန်းထဲကထွက်ကာရေသွားခပ်လိုက်သည်။သွားမယ်ဆိုရင်လဲ သူဘဲအတင်းဆွဲထားပြီးတော့...

အမှန်တော့အစထဲက သွားဖို့အစီအစဉ်မရှိခဲ့ပါဘူး။ဖုန်းထဲမှာငြင်းနေတုန်း အကိုပေါက်စကကြားကာ အတင်းတွေမသွားဖို့ချွဲလို့ ဟန်ဆောင်လိုက်ရုံပါဘဲ။

"ရော့ ကိုကို"

အကိုပေါက်စက ငါ့ဆီက ခွက်ကိုယူကာ တငုံသောက်လိုက်ပြီး ခွက်ကိုပြန်ပေးသည်။

ငါ ထိုခွက်ကိုယူလိုက်ကာခုံပေါ်တင်လိုက်သည်။

"Satang"

"ဗျာ"

"မင်းမပျင်းဘူးလား"

"ပျင်းတာပေါ့ဗျ"

"အဲ့တာဆိုငါတို့သရဲကားကြည့်ရအောင်"

"ဘာသရဲကားလဲ"

"The Nun 2 လေ"

"ကိုကို မင်းကကြည့်ရဲလို့လား"

"ကြည့်ရဲတာပေါ့ ယောကျာ်းကွ!"

"ဟားဟား ဟုတ်ပါပြီဗျာ အဲ့တာဆိုကြည့်ရအောင်"

တကယ်လဲ ကိုကိုက မကြောက်ခဲ့ပါဘူး။ဇာတ်ကားတလျောက်လုံး တချက်မှလဲမအော်ခဲ့ဘူး။ဒါပေမဲ့ တစ်ဖြေးဖြေးအနောက်ကိုဆုတ်ဆုတ်သွားသည်မှာ ကိုကိုဟာငါ့ရင်ခွင်ထဲကိုတောင်ရောက်နေပြီ။

ငါဟာ သရဲကားကိုအာရုံမစိုက်နိုင်ခဲ့ ငါ့ရင်ခွင်ထဲက အကောင်ပေါက်လေးက ငါ့အာရုံတွေကိုဖမ်းစားခဲ့ခြင်းကြောင့်ဖြစ်သည်။

"ဟမ် အဲ့လိုရရင် အစောကြီးထဲကလုပ်လိုက်လေ နော် satang"

"အယ် ဗျာ ဟုတ် ဟုတ်တယ်"

"မင်းကြည့်ကောကြည့်နေရဲ့လား? မင်းကြောက်နေတာမလား?"

"ဘာလို့ကြောက်ရမှာလဲဗျ! မကြောက်ဘူး။အိပ်တော့ အိပ်ချင်နေပြီ"

Be my guitarist Where stories live. Discover now