"ဟို ဒီအတိုင်းအမှတ်မထင်မှတ်မိရုံပါပဲ .. "

သူမရှက်၀ဲ၀ဲအသံဖြင့်ပြန်ဖြေလာလျှင် ..

"ဘယ်လိုပဲဖြစ်ဖြစ်ပါ ..  "

Jungkook သူမကို ပိုပြီးစိတ်လှုပ်ရှားအောင်
ပြောလိုက်ပါတော့၏ ...

"ဘာလို့ဖုန်းဆက်ရတာလဲ .. "

သူမ စကားလမ်းကြောင်းလွှဲပစ်လိုက်၏...

"အမှန်အတိုင်းပြောရရင်မင်းကိုသတိရသွားလို့ .. "

Jungkookရဲ့စကားကြောင့် သူမ
နှလုံးသားတွေမတည်မငြိမ်ကိုဖြစ်လို့ပါရယ် ..
သူမချစ်နေခဲ့မိပြီ ..သူမအချစ်ဦးဟာ Jungkook

"အိုး မဖြစ်နိုင်တာ .. "

"မယုံဘူးလား ...စနောက်နေတယ်ထင်နေပုံပဲ .. "

"အဲ့လိုမဟုတ်ပါဘူး .. ယုံ ယုံပါတယ် .. "

ခဏလေးအတွင်း တွေ့ခဲ့တဲ့ သူအပေါ်
သူမကယုံကြည်မှုတွေပြင်းထန်လွန်းလှသည် ...

~~~~~~~~~

"Kim Taehyung  "

Jungkook နာမည်အပြည့်အစုံခေါ်လိုက်ကာ မျက်လုံးသေတွေဖြင့် ဒေါသတကြီး သူတို့ထံရောက်လာလျှင် Taehyung ထိန်လန့်သွား၍
ပြာပြာသလဲဖြစ်သွားကာ ...

"Jeon .. "

Taehyungနဲ့ မျက်နှာချင်းဆိုင်စကားပြောနေတဲ့ ကောင်လေးကပါ လှည့်ကြည့်လာလေ၏ ..

Taehyungချစ်သူဖြစ်မှန်းသိတာကြောင့် လူမှုရေးအရ ဖော်ဖော်ရွေရွေ ပြုံးပြလိုက်ပေမယ့်လည်း
ရလာသည့်ရလဒ်ကတော့ သူ့မျက်လုံးတွေကိုသာ Jungkook ပြာကျမတတ်စိုက်ကြည့်နေတာပင်...

သူလည်း ပြုံးပြရင်းကနေ ချက်ချင်းပဲပြန်တည်သွား၏...တော်တော်ရိုင်းတာပဲဟု စိတ်ထဲကောက်ချက်ချမိလိုက်သည်အထိ စိတ်ထဲချဥ်သွားတာ ..

Taehyungမျက်နှာအား သံသယမျက်၀န်းများဖြင့်စေ့စေ့ကြည့်လာ၍ ..

"မင်း ဒီမှာဘာလုပ်နေတာလဲ "

အံကြီးကျိတ်ကာ ဒေါသယှက်ကာပြောလာသည် ...

"Jeon တစ်မျိုးမထင်ပါနဲ့ .. အဖွဲ့ခေါင်းဆောင်နဲ့ Projectလုပ်ရမှာမို့စကားပြောနေတာပါ .. "

Black Heart { Completed }Where stories live. Discover now