အပိုင်း(20)

Start from the beginning
                                    

"အားးးး..မောင်ရေ နာလိုက်တာ ပန်အရမ်းနာနေပြီ လုပ်ပါဦး''

လမ်းလျှောက်လိုက် ပန့်ခါးလေးတွေကိုပွတ်ပေးလိုက် မောလာရင်ခနထိုင်နားလိုက် လုပ်နေရင်း ပန်ကချွေးစေးတွေပြန်လာပြီး အော်လာတော့ ကျွန်တော် လဲ လန့်သွားရသည်။ ပန့်ကိုကြည့်မိတော့လဲကျွန်တော့်လက်ကိုအတင်းဆုပ်ကိုင်ပြီး မျက်ခုံးတွေက စုကျုံ့ထားသည်။

"ဟင် ပန် အရမ်းနာလာပြီလား မောင်ချီမယ်နော် ဟိုဖက်အခန်းသွားရအောင်''

ကျွန်တော် ပန့်ကိုပွေ့ချီပြီးမွေးမဲ့အခန်းထဲခေါ်သွားတော့ အမေနဲ့ပန်းနုက ကျွန်တော် တို့ အနားရောက်လာပြီး

"ဟယ်.သား ပန်လေးဗိုက်တအားနာလာပြီလား''

"ဟုတ်တယ် အမေ အာ့တာအမေရေနွေးလေးကြိုပေးပါနော် ပန်းနု ညီမလေးက သန့်စင်ကို ဆရာမလေးကိုသွားခေါ်ပေးဖိူ့ပြောပေးနော်''

ပန့်ကိုချီလျက်သားနဲ့ အမေနဲ့ပန်းနုကိုမှာနေရသည်။သူတိူ့တွေလဲပျာပျာသလဲ မီးဖိုထဲဝင်သွားတဲ့သူနဲ့ အိမ်ပြင်ကိုထွက်သွားတဲ့သူနဲ့ ။ ချီထားတဲ့ပန့်ကိုကြည့်မိတော့ မျက်လုံးတောင်မဖွင့်တော့ ကျွန်တော့် အကျီစကို အတင်းဆုပ်ကိုင်ပြီး သူ့အောက့်နှူတ်ခမ်းကို ကိုက်ထားသည်။အခန်းထဲလဲရောက်ရော ပန့်ကို မွေ့ရာပေါ်ချလိုက်သည်။ မနက်ထဲက ပန်းနုက အကုန်လုပ်ပေးထားတော့ အားလုံးအဆင့်သင့်ပင်။

"ပန် နှုတ်ခမ်းကို မကိုက်နဲ့လေ ကလေးရယ် မောင့်လက်ကိုကိုက် ''

ကျွန်တော် ကလက်ထိုးပေးပေမဲ့ အာ့လက်ကို မကိုက်ပဲအတင်းဆုပ်ကိုင်ထားသည်။ ချစ်ရသူနာကျင်နေတာမြင်ရတာ ရင်ကိုဓားနဲ့အစိမ်းလိုက်ခွဲနေသလိုပင်။.သူ့အစားနာပေးလို့ရရင်လဲ ကောင်းသား။ မိခင်တိုင်းဒီဝေဒနာကိုခံစားဖူးတာ သိသလို ကိုယ်တိုင်လဲ ဒ​ီအခြေအနေတွေအများကြီး မြင်ဖူးထားသော်လဲ ပန်နာကျင်ရတာမြင်လေ ရင်ထဲကတဆစ်ဆစ်နာလေဖြစ်သည်။

"အားး နာလိုက်တာ မောင် ရယ် ဟင့် အရမ်းနာတာပဲ အာ့ ~~ကျွတ်..ကျွတ်..ကျွတ်''

"ခနနေဦး နော် မောင် ကြည့်လိုက်ဦးမယ်''

ပန့်ကို ပြောပြီးခြေရင်းဖက်ကို သွားလိုက်သည်​။ပြီးတော့ စောင်အပါးလေးကိုလွှားခြုံပေးပြီး ပန့်ရဲ့ဒူးနှစ်ချောင်းကိုထောင်ပြီးပေါင်ကိုနည်းနည်းကားလိုက်သည်။ ကို့မိန်းမလဲ ဖြစ်သလို တခြားလူနာတွေလဲ ဒီလိုပဲဆိူတော့ ကျွန်တော် စိတ်ထဲ သိပ်တော့မထူးဆန်းပါ။ပန့်သားအိမ်က ခုမှ ၃စင်တိီမီတာသာပွင့်သေးသည််။ သားအိမ် ၁၀စင်တီမီတာလောက်ပွင့်မှကလေးကမွေးလို့ရမည်။ အခုထိရေမွှာလဲ မပေါက်သေးတော့ ပန်မွေးဖို့ အချိန်က လိုဦးမည်။

🌹🌹ပန်တော်မူ🌹🌹(Completed)Where stories live. Discover now