VI

36 2 0
                                    

● Ses entreriens - 2 ●

သူကတော့ ပျော်အောင်နေ ပြောတယ်
စာအုပ်တွေပေးတယ်
ပန်းစည်းတွေပေးတယ်
ညဘက်အိပ်မပျော်ခြင်းတွေအတွက်
ကြယ်တွေအစား အိပ်ဆေးတွေပေးတယ်။

သူကတော့ ရောက်မလာဘူး
မှိုင်းတိမ်ထုလေးအောက်မှာ ကျွန်မတစ်ယောက်တည်း
လိမ္မော်ရောင်ဝရံတာအပြင်ဘက်မှာ ကျွန်မတစ်ယောက်တည်း။

သူကတော့ ချစ်တယ်ဆိုတာကလွဲ
စကားလုံးဂရုစိုက်မှုတွေ ထုပ်ချည်ထားတဲ့စာလွှာတွေပါးတယ်
ကျွန်မကတော့ ထုပ်တန်းမှာချည်ထားတဲ့ကြိုးကို
သူပေးတဲ့စာလို အသည်းအသန်ပြေးဖတ်ရတယ်။

နောက်နေ့မှာ နိုးလာပါတော့မလား လို့စိုးရိမ်နေချိန်
သူကတော့ မနက်စာစားဖို့မှာတယ်
ဆေးလိပ်တွေအစား ကော်ဖီတွေပို့ပေးတယ်
ရောဂါဟာ အနှေးအမြန်ဖြစ်လာမှာကလွဲ
အရာရာဟာ အသက်တိုစေစရာတွေချည်းပဲမဟုတ်လား။

ကျွန်မကတော့ ရှင့်ကိုနားမလည်ဘူး လို့အော်ဟစ်တိုင်း
သူကတော့ မင်းနားမလည်တာကို ငါနားလည်ပါတယ် ဆိုတဲ့
အကြောင်းပြောတယ်
သူ့မိသားစုဓာတ်ပုံကို အိတ်ကပ်ထဲမှာ အမြဲထည့်ထားပြီး
ကျွန်မဆီကို လက်ဗလာနဲ့လာလေ့ရှိတယ်။

မသိခဲ့တာတွေလည်း သိခဲ့ရပါပြီ
လက်လွှတ်ပေးစေချင်ကြောင်း ပြောရပြန်တယ်
ဒီလိုဆိုတော့ မင်းလွတ်မြောက်ချင်တာကို
ငါနားလည်ပါတယ် လို့ပြောပြန်တယ်။

နားမလည်ရခြင်းတွေကြားထဲမှာ
နားမလည်နိုင်ခဲ့သူဟာ ကျွန်မတစ်ယောက်တည်း။

အိမ်အပြင်ဘက်မှာ ချော်လဲကျလာတိုင်း
ဒဏ်ရာကို အိမ်အမြန်ပြေးလာပြီး
အမေမသိအောင် ‌ဆားသိပ်ခဲ့တဲ့မိန်းမလေ။
ဝန်ခံပါတယ်
ရှင်ပေးတဲ့ဓားကတော့ပိုထက်ခဲ့တယ်။

ရှုံးခဲ့တာကို ညင်ညင်သာသာလေးပဲလက်ခံလိုက်တယ်
ဖုန်းမပြောဖြစ်တာလည်း လနဲ့တောင်ချီပေါ့။
ကိုယ်ပို့ထားတဲ့အသံမက်ဆေ့ခ်ျတွေ
ရက်လည်မပြီးခင် သူ့နားထဲရောက်သွားစေချင်တယ်။

ဒီတစ်ခါ ရှင့်မြို့ဆီ ကျွန်မမလာတော့ဘူး
ကျွန်မမြို့ဆီ ကျွန်မ မပြန်တော့ဘူး
ရှင်လာရင်လည်း ကျွန်မ မရှိလောက်တော့ဘူး။

ဒီလိုနဲ့ သူဟာ ရောက်မလာခဲ့ပြန်
နှင်းဆီပန်းခြောက်ကပ်ကပ်တွေသာ
အိမ်တံခါးဝမှာ ပြည့်နေခဲ့တယ်။

ဒါကို တစ်နေ့တော့ သူသိသွားလောက်မှာပေါ့
အဲ့သလို
ကျွန်မမျှော်လင့်ချင်ခဲ့တယ် ။

- Meldian -
#JAN142024

ညှိုး Where stories live. Discover now