III

115 10 0
                                    

ရှင့်ပုခုံးစွန်းလေးမှာနားရဖို့ ကျွန်မကိုယ်ကျွန်မလိပ်ပြာအဖြစ်ခံခဲ့တာ
နာစရာတွေသွန်းလောင်းပြီး မီးရှို့ဖျက်ဆီးလည်း
ကျွန်မကဖီးနစ်ငှက်လို ရှင့်အနားကပ်တွယ်ချင်သေးတယ်
လိမ္မော‌်ရောင်အပိုင်းအစတွေကို
ရှင်မဟုတ်ရင် ဘယ်သူ့အပေါ်ကိုမှမလွှမ်းခြုံချချင်ဘူး
ကျွန်မက အဲ့လို
ရှင်ရှိရင် ရှင့်ပေါင်ပေါ်ခေါင်းအုံးရင်းအနားယူမှာ
ရှင်မရှိရင် အဲ့ဒီမြို့မှာရိုင်ဖယ်သေနတ်တေ့ပြီးအနားယူမှာ
မရှိလို့မဖြစ်ဘူး ဆိုတဲ့စကားမျိုး
ကျွန်မသုံးခဲ့တာမှတ်မိလား
တကယ်လည်းမရှိလို့မဖြစ်ခဲ့ဘူး
ရှင်မပါတော့ အဲ့ဒီလှေကိုကမ်းမကပ်ဖြစ်ဘူး
ရှင်မရှိတော့ အဲ့ဒီပန်းကိုမမွှေးဖြစ်ဘူး
ရှင့်အတွက်မဟုတ်တော့ အဲ့ဒီရေမွှေးကိုထပ်မစွတ်ဖြစ်ဘူး
သာယာတယ် အနေသာတယ် ပြောလည်း
အဆင်ပြေတယ် နေနိုင်တယ် ထင်ရလည်း
ကျွန်မက အခုချိန်ထိဖန်ကွဲစ‌တွေအပေါ်
လျှောက်နေရတာ ဘယ်သူသိမလဲ
ကျွန်မမှာ ပြန်သွားရင်အသည်းနင့်အောင်ငိုရမဲ့နေရာတွေ
ဒီလောက်များတာ ဘယ်သူသိမလဲ
အဲ့အတိတ်တွေထဲ ရစ်ပတ်နေတုန်းဆိုတာ ဘယ်သူသိမလဲ
ဘယ်သူမှမသိဘူး ရှင်လည်းမသိဘူး
ကျွန်မကလျှို့ဝှက်တဲ့မိန်းမလေ
ရှင့်ပုခုံးစွန်းမှာ ခဏတာနားရဖို့
ကျွန်မကိုယ်ကျွန်မလိပ်ပြာအဖြစ်ခံခဲ့တာလို့ပြောရင် ယုံ
နောက်ဘဝမှာ ထပ်တွေ့နိုင်ခြေရှိတယ်ဆိုလို့
ငရဲထဲအကြိမ်ကြိမ်ခုန်ဆင်းခဲ့တာလို့ပြောရင် ယုံ။

- Meldian -
#12march21

***

ရွင့္ပုခံုးစြန္းေလးမွာနားရဖို႔ ကြၽန္မကိုယ္ကြၽန္မလိပ္ျပာအျဖစ္ခံခဲ့တာ
နာစရာေတြသြန္းေလာင္းၿပီး မီးရိႈ႔ဖ်က္ဆီးလည္း
ကြၽန္မကဖီးနစ္ငွက္လို ရွင့္အနားကပ္တြယ္ခ်င္ေသးတယ္
လိမၼော‌္ေရာင္အပိုင္းအစေတြကို
ရွင္မဟုတ္ရင္ ဘယ္သူ႔အေပၚကိုမွမလႊမ္းၿခံဳခ်ခ်င္ဘူး
ကြၽန္မက အဲ့လို
ရွင္ရိွရင္ ရွင့္ေပါင္ေပၚေခါင္းအံုးရင္းအနားယူမွာ
ရွင္မရိွရင္ အဲ့ဒီၿမိဳ႔မွာရိုင္ဖယ္ေသနတ္ေတ့ၿပီးအနားယူမွာ
မရိွလို႔မျဖစ္ဘူး ဆိုတဲ့စကားမ်ိဳး
ကြၽန္မသံုးခဲ့တာမွတ္မိလား
တကယ္လည္းမရိွလို႔မျဖစ္ခဲ့ဘူး
ရွင္မပါေတာ့ အဲ့ဒီေလွကိုကမ္းမကပ္ျဖစ္ဘူး
ရွင္မရိွေတာ့ အဲ့ဒီပန္းကိုမေမႊးျဖစ္ဘူး
ရွင့္အတြက္မဟုတ္ေတာ့ အဲ့ဒီေရေမႊးကိုထပ္မစြတ္ျဖစ္ဘူး
သာယာတယ္ အေနသာတယ္ ေျပာလည္း
အဆင္ေျပတယ္ ေနႏိုင္တယ္ ထင္ရလည္း
ကြၽန္မက အခုခ်ိန္ထိဖန္ကြဲစ‌ေတြအေပၚ
ေလ်ွာက္ေနရတာ ဘယ္သူသိမလဲ
ကြၽန္မမွာ ျပန္သြားရင္အသည္းနင့္ေအာင္ငိုရမဲ့ေနရာေတြ
ဒီေလာက္မ်ားတာ ဘယ္သူသိမလဲ
အဲ့အတိတ္ေတြထဲ ရစ္ပတ္ေနတုန္းဆိုတာ ဘယ္သူသိမလဲ
ဘယ္သူမွမသိဘူး ရွင္လည္းမသိဘူး
ကြၽန္မကလ်ိႈ႔ဝွက္တဲ့မိန္းမေလ
ရွင့္ပုခံုးစြန္းမွာ ခဏတာနားရဖို႔
ကြၽန္မကိုယ္ကြၽန္မလိပ္ျပာအျဖစ္ခံခဲ့တာလို႔ေျပာရင္ ယံု
ေနာက္ဘဝမွာ ထပ္ေတြ့ႏိုင္ေျခရိွတယ္ဆိုလို႔
ငရဲထဲအႀကိမ္ႀကိမ္ခုန္ဆင္းခဲ့တာလို႔ေျပာရင္ ယံု။

- Meldian -
#12march21

ညှိုး Onde histórias criam vida. Descubra agora