ဥယာဥ်အစွန်နားရှိသစ်ပင်ကြီးမှာအလွန်ကြီးမားပြီးအလွန်မွှေးရနံ့ရှိသောပန်းဝါဝါပွင့်လေးများကိုဖန်တီးပေးထားသည်။ပန်းပွင့်လေးများကပန်ဒိုရာဆီသို့အဆက်မပြတ်ကြွေကျနေပြီးပန်ဒိုရာလက်ဖြန့်လိုက်တော့ပန်းဝါလေးတစ်ချို့ကသူ့လက်ဖဝါပေါ်ကျဆင်းလာသည်။

ရေတွက်ကြည့်လိုက်တော့ငါးပွင့်တိတိ။ဒီပန်းတွေရဲ့အဓိပ္ပာယ်ကသစ္စာတရားဖြစ်ပြီးပါရှားရဲ့အထင်ကရပန်းတစ်မျိုးဖြစ်သည်။သူဒီကိုကူးပြောင်းလာစဥ်ကပထဆုံးတွေမိသည်မှာထွက်ပြေးသွားရန်ဖြစ်သည်။သို့သော်ကုန်းကုန်းနှင့်ဖခမည်းတော်ကိုကြည့်ပြီးသူမလုပ်နိုင်တော့။ဒုတိယအစီအစဥ်အနေနှင့်ထိုလူတွေကိုကာကွယ်ဖို့သာကြိုးစားခဲ့သည်။

အင်အားစုဆောင်းဖို့ကလေးငယ်များကိုပြုစုပေးရင်း၊ပညာရေးရာအမတ်များကိုစာပေသင်ကြားပေးရင်း၊ထိုလူသားများကိုလျှို့ဝှက်လူသတ်ပညာသင်ကြားပေးရင်းထိုလူတွေဆီကပညာတစ်ချို့ကိုပြန်လည်သင်ယူရင်းဖြင့်သတိမထားမိပဲဒီဘဝကိုသူအတော်စွဲလမ်းနေမိခဲ့ပြီ။

မော်ဒန်ခေတ်မှာနေခဲ့စဥ်ကသူ့ငယ်ဘဝကလွန်စွာမှဆိုးဝါးခဲ့တာကြောင့်ကြိုးစားပြီးထိပ်ဆုံးရောက်လုပ်ခဲ့ရသည်။အောင်မြင်မှုရပြီးနောက်ပိုင်းမှာတော့မျက်နှာဖုံးတပ်ထားသောလူတွေအမျိုးမျိုးကြားမှာနေ့စဥ်ပင်ပန်းခဲ့ရသည်။အကိုကြီးကြောင့်ပျော်စရာအချိန်တစ် ချို့ရှိခဲ့ပေမယ့်ထိုလေးစားစရာလူကသူ့ချစ်သူတွေကလွှဲပြီးဘယ်သူမှလူမထင်ခဲ့။

ကျည်ဆံတစ်ချို့သူ့ရင်ဘတ်ကိုဖောက်ဝင်လာချိန်မှာကြောက်ရွံ့မှုရောပျော်ရွှင်မှုရောခံစားခဲ့ရသည်။သာမာန်ဘဝလေးမှာမွေးဖွားချင်သည်။အချစ်တွေအများကြီးကိုခံယူချင်သည်။ကာကွယ်ခံရတဲ့အရသာကိုခံစားဖူးချင်သည်။သူ့မှာကိုယ်ပိုင်မိသားစုလေးရှိချင်သည်။ချစ်ရသောမိဘများနဲ့ချစ်ရသောလူများနဲ့.....။

သူအနောက်ကိုလှည့်ကြည့်လိုက်တော့ကုန်းကုန်းကသူ့ကိုသာတစ်စိုက်မတ်မတ်ကြည့်နေတာကြောင့်ပြုံးမိလိုက်ပြီး

"ကုန်းကုန်း,ဒီအိမ်ရှေ့စံကကုန်းကုန်းမျှော်လင့်သလိုဖြစ်မလာခဲ့ရင်ဖခမည်းတော်နဲ့ကုန်းကုန်းကိုဘေးဒုက္ခတွေ့စေခဲ့ရင်ဘယ်လိုလုပ်မလဲ"

ဘုရင်ကြီးရဲ့အနောက်ဆောင်ကအန္တာယ်များလွန်းတယ်!Where stories live. Discover now