၁၆၅( သောက်ကျိုးတော့နည်းကုန်ပြီ ယောက်ဖရေ...)

Start from the beginning
                                    

"တကယ်တော့ ဦးလေးရှန်က ငါ နင်နဲ့ တန်တယ်လို့ မထင်ဘူး... ငါ ဘယ်လောက်ပဲ ကောင်းနေပါစေ... ငါက နင့်အတွက် လုံလုံလောက်လောက် ကောင်းတယ်လို့ကို သူ မထင်တာ... ခွန်အား အစစ်အမှန်နဲ့ ဦးလေးရှန် လိုချင်တဲ့ အဆင့်အတန်းထဲ ဝင်နိုင်မှာ မဟုတ်ဘူး... ဒီတော့ ငါလည်း တခြား လမ်းစဉ်တစ်ခုကို လိုက်လျှောက်ရတော့မှာပေါ့... အို... ဒါပေမဲ့ ငါ့ကို အထင်မလွဲနဲ့ဦး... ငါ နင့်ကို ကြိုက်နေတာ မဟုတ်ဘူး..."

ရှန်ယောင်က ရှုချန်းကို စိုက်ကြည့်ရင်း အံကြိတ်လိုက်၏။

"ငါ့ကို ကြိုက်လို့ ရပါတယ် ဆိုရင်တောင် နင်က ငါ့ကို သောက်ရေးလုပ်လို့လား..."

လင်လဲ့က ရှုချန်းမည်ကဲ့သို့ တုံ့ပြန်မည်ကို သိချင်နေ၏။

ရှုချန်းက ရှန်ယောင်ကို ဤကဲ့သို့ ပြောလိမ့်မည်ဟု သူ မျှော်လင့်မထားချေ။ အမျိုးသမီး တစ်ဦး (အထူးသဖြင့် ချမ်းသာသော နောက်ခံအသိုင်းအဝိုင်းရှိ၍ ပြီးပြည့်စုံသော အမျိုးသမီး) ၏ ခနဲ့မှုကို ခံလိုက်ရသည့် မည်သည့်ယောက်ျားမဆို မိမိ၏ ယောက်ျားပီသမှုကို ပြသလိုသည့်အတွက် ပြန်လည် တုံ့ပြန်မည်မှာ အသေအချာပင်။

သို့သော် ရှုချန်းမှာ ပြုံးရုံသာ ပြုံးပြီး ထိုအကြောင်းကို ဆက်မပြောတော့ဘဲ အကင်တုတ်တံကိုသာ ကိုက်နေလိုက်၏။

ရှန်ယောင် အတော်လေး စိတ်ပျက်သွား၏။ ချက်ချင်းပင် စိတ်ပျက်လက်ပျက်ဖြင့် သူမ ဖန်ခွက်ထဲသို့ ဘီယာများ အပြည့် ငှဲ့လိုက်တော့၏။

နံဘေးမှ ကြည့်နေသော ယန်ကျင်းလည်း တစ်စုံတစ်ခုကို ခံစားလိုက်ရ၏။ အဘယ်ကြောင့်ဆိုသည်ကိုတော့ သူမ ကိုယ်တိုင်လည်း မသိချေ။

ရှန်ယောင်၏ ခနဲ့မှုကို ရှုချန်း ပြန်လည် တုံ့ပြန်ခြင်း မရှိသည့်အတွက် ယန်ကျင်း လွန်စွာ ကြောက်လန့်သွား၏။ သို့သော် ရှန်ယောင် ဤကဲ့သို့ ပြုမူသည့်တိုင် ရှုချန်း၏ စိတ်ကို ပြောင်းလဲရန် မလုံလောက်သေးကြောင်း သိလိုက်ရသည့်အတွက်လည်း သူမ အနည်းငယ် စိတ်ညစ်သွားမိသည်။

ယန်ကျင်း သို့မဟုတ် ရှန်ယောင်မှာ ရှုချန်း၏ စိတ်အား ပြောင်းလဲအောင် ပြုလုပ်ရန် မလုံလောက်သေးသော်လည်း လင်ချူရွယ်မှာမူ ရှုချန်း၏ နှလုံးသားအား သိမ်းပိုက်ထားနိုင်ဆဲဖြစ်၏။

နတ်နဂါးစစ်သည်Where stories live. Discover now