ရှူချန်း ရယ်မောလိုက်၏။

"ငါ ထွက်သွားချင်တယ်ဆိုရင် ထွက်သွားတာ ကြာရောပေါ့... အရင်က မင်းကို တစ်ခု ပြောခဲ့ဖူးသလိုပဲ... မင်း မေ့သွားပြီထင်ရဲ့.."

"ဘာလဲ..."

"မင်း ရှုပ်ရှုပ်ရှက်ရှက်တွေလုပ်ရင် ဟွာရှမှာ ဆက်ပြီး အသက်ရှင်ခွင့် မပေးဘူးဆိုတာလေ..."

နေးလ် ရယ်မောလိုက်၏။

"ဟွာရှလူမျိုးတွေက တကယ့်ကို လေကြီးတာပဲ... ငါ့ကို ဒီလိုမျိုး ပြောနိုင်တဲ့ အရည်အချင်း မင်းမှာ ရှိတယ်လို့ ထင်နေတလား... မင်း သေနေ့စေ့ပြီ... မင်း ငါ့ အလုပ်တွေကို လာ ရှုပ်သွားတယ်... အခုက မင်းသေရတော့မယ့် အချိန်ပဲ..."

နေးလ် က ပြောပြောဆိုဆိုဖြင့် ရှုချန်းကို သေနတ်ဖြင့်ချိန်လိုက်၏။

"လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတွေကို မင်း စောစောကမြင်ခဲ့တယ် မဟုတ်ဘူးလား..."

ရှုချန်း မျက်လုံးများကို မှေးကာ ပြောလိုက်၏။

နေးလ် မျက်လုံးပြူးသွားသည်။

"ဘာကို ပြောချင်တာလဲ..."

"ဘာမှတော့ မဟုတ်ပါဘူး... ငါ မင်းကို စောင့်နေရတဲ့ အကြောင်းအရင်းက ငါ့ကိုငါ နည်းနည်းလေး စမ်းသပ်ကြည့်ချင်လို့ပါ... ငါ့ အမြန်နှုန်း ဘယ်လောက်ရှိပြီလဲဆိုတာ ကြည့်ချင်တယ်..."

ခက်ထန်သော မျက်နှာထားနှင့် နေးလ် က အသံတိတ်ပြောင်းဝ တပ်ဆင်ထားသော သေနတ်ဖြင့် တံခါးနှင့် မီတာ အနည်းငယ်အကွာရှိ ဆိုဖာပေါ်တွင်ထိုင်နေသော ရှုချန်းဆီသို့ ပစ်ခတ်လိုက်၏။

ပစ်ခတ်လိုက်သော ကျည်ဆံမှာ ရှုချန်းဆီသို့ စတင်ပြေးဝင်လာတော့သည်။

ရှုချန်း၏ မျက်လုံးထဲတွင် ပြောင်းဝမှ ထွက်လာသော ကျည်ဆံမှာ ရုပ်ရှင် အနှေးပြကွက်များပမာ ဖြစ်နေပြီး သူ၏ မျက်လုံးဖြင့် ကြည်လင်ပြတ်သားစွာ ဖမ်းယူ မြင်နိုင်လောက်အထိ နှေး‌ကွေးနေပေသည်။ လေထုကို ထိုးဖောက်၍ သူ့‌ဆီသို့ ပြေးဝင်လာနေသော ကျည်ဆံကို ကြည့်ရသည်မှာ ရေထဲတွင် လှိုင်းထနေသည့်အလားပင်။

နတ်နဂါးစစ်သည်Where stories live. Discover now