၁၆၃( ပိုက်ကွန်ထဲမှ လွတ်သွားသော ငါးတစ်ကောင် )

Start from the beginning
                                    

အဖွဲ့ဝင် ဆယ်ဦးလည်း စိတ်ပျက်သွားကြတော့သည်။ မူလက သူတို့အားလုံး ဆုပေးပွဲမှ ချီးမြှင့်သော ဆုပစ္စည်းများနှင့် ပျော်ရွှင်စွာ ပြန်လာကြပြီး သူတို့ ခေါင်းဆောင် ရှုချန်းမှာ အထက်လူကြီးများ၏ ချီးမွမ်းခြင်းကို မလိုလားသည့်အတွက် မတက်ရောက်ခဲ့ခြင်းဟုသာ ထင်ခဲ့ကြသည်။

သို့သော် သူတို့၏ အဖွဲ့ ( ၂ ) ခေါင်းဆောင် ဤကဲ့သို့ ထွက်သွားမည်ဟု လုံးဝ မမျှော်လင့်ထားကြပေ။

လီချောင် မျက်နှာပျက်သွား၏။

"ဝေ့နိုင်ငံ သမ္မတက ရဲတွေကို ဖိအားပေးဖို့ တစ်ခုခုပြောခဲ့တာ ငါမှတ်မိတယ်... ဒါကြောင့် အထက်အရာရှိတွေလည်း ငါတို့ ခေါင်းဆောင်ကို ထွက်ခွင့်ပေးဖို့က လွဲပြီး တခြား ရွေးချယ်စရာ မရှိတော့တာ ဖြစ်မယ်..."

အခြားအဖွဲ့ဝင် တစ်ဦးလည်း ခေါင်းညိတ်လိုက်၏။

"ငါလည်း အဲဒီအကြောင်း ကြားတယ်... ခေါင်းဆောင်က ဝေ့နိုင်ငံ သံတမန်ရေးကို မျက်နှာပျက်စေခဲ့တာပဲ... ဒါကြောင့် သူတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ခေါင်းဆောင်ကို ဝေဖန်တိုက်ခိုက်ချင်နေကြတာ..."

ထိုစကားကို ကြားလိုက်သောအခါ ဝူကန်းက ချက်ချင်းပင်...

"သောက်တလွဲတွေကွာ... အဲဒီသံအမတ်ကို ငါ အရင်သွားပြီး သောက်ခွက် ဖြတ်ရိုက်ပြီးမှ ကျန်တဲ့ စကား ဆက်ပြောကြမယ်..."

လီချောင်က ဝူကန်းကို ချက်ချင်းလှမ်းဆွဲထားလိုက်၏။

"ဘာလို့ ဒီလိုလုပ်မှာလဲ... ညွှန်ကြားရေးမှူးဆီ သွားပြီး ဒီကိစ္စမှာ ဘယ်သူက အဓိက ဇာတ်ကောင်လဲဆိုတာ လူတိုင်း သိအောင် လုပ်ရမယ်... အထက်လူကြီးတွေ ငါတို့ကို ရာထူးတိုးပေးဖို့ ဒါမှမဟုတ် လစာတိုးပေးဖို့ မလိုဘူး... ငါတို့ ခေါင်းဆောင်ကို ဒီလိုမျိူး လုပ်တာတော့ လက်မခံနိုင်ဘူး... သူမရှိရင် အခုချိန်မှာ ငါတို့လည်း ရှိနေမှာ မဟုတ်ဘူး... ဟိုးအရင်တုန်းက လူတွေ ငါတို့ကို ဘယ်လို ပြောဆိုဆက်ဆံခဲ့လဲ... အခုရော ဘယ်လိုလဲ... အခုချိန်မှာ ငါတို့ကို အထင်သေးရဲတဲ့လူ ဘယ်သူရှိလဲ... ဒီလိုမျိူးဖြစ်အောင် လုပ်ပေးခဲ့တာ ဘယ်သူလဲ..."

နတ်နဂါးစစ်သည်Where stories live. Discover now