၁၅၉(အင်အားသုံး )

Start from the beginning
                                    

ခန်းရီ က ရှုချန်းကို ကြည့်ကာ...

" မစ္စတာရှု... စကားပြောရအောင် ဘယ်လိုလဲ... "

" ကဲ... မင်းက စကားပြောချင်တယ်ပေါ့... "

ရှုချန်း ပြုံးလိုက်၏။

" မနက်က ခင်ဗျား ဆီ ကျုပ် အလည်လာတုန်းက ပြောခဲ့တာကို မှတ်မိသေးရဲ့လား... မနက်တုန်းက ခင်ဗျားကို ရွေးချယ်စရာ နှစ်ခု ပေးခဲ့တယ်လေ... ဒါပေမဲ့ အခုကျမှ ခင်ဗျားက စကားပြောချင်နေတယ်ပေါ့... ကျုပ်နဲ့ စကားပြောချင်ရင် ရဲစခန်းသာ လိုက်ခဲ့တော့... အဲ့လိုဆို စကားပြောရဖို့ သေချာမယ်... တရားဥပဒေက ခင်ဗျားကို မျှတတဲ့ ရလဒ်တစ်ခု ပေးမှာပါ... "

ထိုစကား ပြောပြီးနောက် ရှုချန်းက လေးနက်သော အသံဖြင့်...

" ဒီနေရာက လူတိုင်းကို ဖမ်းလိုက်ကြစမ်း... အသာတကြည် အဖမ်းမခံတဲ့ ကောင်ဆိုရင် ချက်ချင်း ပစ်သတ် လိုက်... "

ခန်းရီ ၏ လူများ အားလုံးတွင် သေနတ်များ ရှိကြောင်း ရှုချန်း သိ၍ ရဲများအား ထိုသူတို့ အနှောင့်အယှက် မပြုရဲရန် ကြိုတင် သတိပေးထားခြင်း ဖြစ်၏။

" ဟုတ်ကဲ့ ခေါင်းဆောင်... "

အထူးရဲတပ်ဖွဲ့ဝင်များက ခန်းရီ ၏ လူများကို စတင် ဖမ်းဆီးလိုက်၏။ အချို့သူများက ပြန်လည် ရန်မူချင်သော်လည်း ဦးခေါင်းအား သေနတ်ပြောင်းဝ တေ့ခံထားရပြီး ဖြစ်နေတော့သည်။ သူတို့၏ သေနတ်များကို ချက်ချင်း သိမ်းယူသွား၏။

ရဲကားဆီသို့ ဖမ်းဆီးခေါ်ဆောင်သွားခံရသော ခန်းရီ က ရှုံ့မဲ့သော မျက်နှာဖြင့် ရှုချန်းကို ကြည့်ကာ...

" မင်းက အရင်းရှင်တွေရဲ့ တံတားကို မီးရှို့ဖျက်ဆီးလိုက်တာပဲ... မင်း ဘဝ ဆုံးခန်းတိုင်ပြီ... "

သို့သော် ဝူကန်းက ခန်းရီ ကို ကားထဲ တွန်းထည့်လိုက်၏။ ရှုချန်းလည်း နံဘေးမှ ဝင်ထိုင်လေသည်။

ခန်းရီ က...

" မင်းတို့ ဘာမေးမေး ငါ တစ်ခုမှ မဖြေဘူး... "

ရှုချန်းက ဖုန်းထုတ်ယူကာ ခန်းရီ အား အနီးကပ် ဗီဒီယို ရိုက်လိုက်၍ ဒေါသထွက်သွား၏။

နတ်နဂါးစစ်သည်Where stories live. Discover now