၁၅၃( ညီလေး... စားနော်...)

Start from the beginning
                                    

"သူပြောတာလည်း ဟုတ်နေတာပဲ..."

လင်လဲ့က ရှုချန်းကို စိုက်ကြည့်လိုက်ကာ "ဘာရယ်... ယောက်ဖ... မင်းကပါ ငါ့နေပုံထိုင်ပုံကို မကြည်တော့ဘူးလား.."

"မင်းရဲ့ စိတ်ထားကို ငါသိပါတယ်ဟ... ဒါပေမဲ့ ဒီအတိုင်းဆက်နေရင် မင်း ဆန်ကုန်မြေလေး ဖြစ်သွားလိမ့်မယ်... မင်းက ဉာဏ်တော့ထက်ပါတယ်... ဒါပေမဲ့ စာလုပ်ရတာတော့ မကြိုက်ဘူးမလား..."

"ပြီးတော့ တခြားသူတွေရှေ့မှာ ငါ့ကို ယောက်ဖလို့ မခေါ်နဲ့... မင်းအစ်မနဲ့ငါ့ရဲ့ ဆက်ဆံရေးကို တခြားသူတွေကို မသိစေချင်ဘူး... မင်းအစ်မကကော သတိမပေးလိုက်ဘူးလား..."

"သူ သတိပေးလိုက်တယ်... တခြားသူတွေရှေ့မှာ ယောက်ဖလို့ မခေါ်ခိုင်းဘူး..."

ရှုချန်း ပြုံးလိုက်၏။ ထို့နောက် ကားပြတင်းဝမှ အပြင်သို့ လှမ်းကြည့်လိုက်ကာ...

"အေးကွာ... တစ်ခါတလေ ဒီအိမ်ထောင်ရေးရဲ့ အဓိပ္ပါယ်ကို ငါလည်း မသိတော့ပါဘူး... ဒါပေမဲ့ သူဝါသနာ ပါတဲ့ အသက်မွေးဝမ်းကြောင်း အလုပ်ကို ကောင်းကောင်း လုပ်ပါစေကွာ..."

လင်လဲ့က ရှုချန်းကို စိုက်ကြည့်ကာ...

"ယောက်ဖ... အစ်မက သူ့ရဲ့အသက်မွေးဝမ်းကြောင်း ထိခိုက်မှာစိုးလို့ မင်းနဲ့အိမ်ထောင်ရေးကို လူသိရှင်ကြား ထုတ်မပြောဘူးလို့ ထင်နေတာလား..."

"အဲလိုမဟုတ်ဘူးလား... ဒီနှစ်တွေထဲ သူ့ကို နည်းနည်းလေးတောင် အနှောင့်အယှက်မပေးမိဖို့ ငါ စစ်တပ်ထဲ ဝင်ခဲ့တယ်.."

တစ်စုံတစ်ခုကို တွေးတောနေသဖြင့် လင်လဲ့ ဘာမှပြန်မပြောဖြစ်ပေ။ အမှန်တော့ သူ့အစ်မ လင်ချူရွယ်က ရှုချန်းကို ကာကွယ်ရန် ပြုလုပ်နေသည်ကို လင်လဲ့ သိပေသည်။ ယခင်က ရှုချန်းတွင် သိမ်ငယ်စိတ်များ အစဉ်အမြဲ ရှိနေခဲ့၏။

လက်ထပ်လိုသူများ ဝိုင်းဝိုင်းလည်နေသည့် လင်ချူရွယ်အဖို့ သူ၏ မိဘများက မွေးစားထားသော ရှုချန်းနှင့် လက်ထပ်ခဲ့ပါက ရှုချန်းတွင် ဖိအား လွန်စွာ များပြားလာပေလိမ့်မည်။ ထို့အပြင် အင်္ဂလန်၏ အထက်တန်းလွှာ အသိုင်းအဝိုင်းတွင် လင်ချူရွယ်မှာ ယောက်ျားပျိုတိုင်း၏ အိပ်မက်ထဲမှ ချစ်သူ ဟူသော ဘွဲ့ကို ရရှိခဲ့ပေသည်။

နတ်နဂါးစစ်သည်Where stories live. Discover now