အပိုင်း(19)

Depuis le début
                                    

"ဘာဖြစ်လို့လဲ ပန်''

"အနှီးတွေလျှော်ထားတာမလား ခြောက်ပြီလားသွားကြည့်ဦးလို့''

"မောင် ခုနကကြည့်ပြီးပြီနည်းနည်းလိုသေးတယ် ''

"အာ့တာကြောင့် မောင့်ကိုပြောတာ မလျှော်ပါနဲ့ဆိုတာ တခါထဲပါကင် ထုတ်ထားတွေကိုအလကား​ေလျှာက်လျှော်နေတယ်''

"သြော် ပန်ရယ် အလကားလျှော်တာတော့ဟုမလား ပါကင်ထုတ်ထားပေမဲ့ အာ့လိုမထုတ်ခင်ဟိုလူကိုင် ဒီလူကိုင် ကိုင်ကြမှာလေ အာ့ကြောင့် ပိုးသေအောင်ပြန်လျှော်တာပါ အခူလဲခြောက်တော့မှာပဲကို ညကျမီးပူထိုးလိုက်မယ်လေ''

"မိုးတွင်းဆိုတော့ မခြောက်မှာဆိုးလို့ပါမောင်ရယ်''

"ခြောက်ပါတယ် အနှီးက သိပ်မှ မထူတာကို ပန်ဗိုက်ဆာပြီလား ခနနေကျက်တော့မယ်နော်''

"မဆာသေးပါဘူး မောင်ဘာသာအေးအေးဆေးဆေးချက်ဟုပြီလား''

အနှီးတွေဝယ်လာပြီးထဲက တဝက်စီခွဲလျှော်သည်။ပြီးတော့ မီးပူထိုးပြီး ကလေး အတွက်သီးသန့်ထားတဲ့ ဘုံးလေးထဲကိုစီထည့်ပေးသည်။အဝတ် လေးတွေပါလျှော်တော့ အခုထိမပြီးနိုင်ဖြစ်နေတာ။ တခြားသူလဲမလျှော်ခိုင်း သူ့ကလေးဟာသူ့ဘာသာလျှော်မယ်ဆိုပြီးလျှော်နေတာဖြစ်သည်။အဖြစ်သည်းတယ်လို့လဲမပြောရက်။ ပထမဆုံး ကလေးဆိုတော့လဲ ပန်ကိုယ်တိုင်တောင် တခါတလေ အဖြစ်သည်းတတ်သည်။

ပန်ကိုယ်ဝန်စရှိထဲက မီးဖိုချောင်ကိစ္စကအစ အဝတ်လျှော် မီးပူ တိုက်တာကအဆုံး ဆိုင်ကိစ္စအထိဘာမှ မလစ်ဟင်းအောင်​မောင်က အကုန်လုပ်ပေးသည်။အခုမွေးကာနီးတော့လဲ ကလေးအဝတ်အစားအသုံးအဆောင်ကအစ ပန့်အတွက် ဝတ်ဖို့အကျီထမိန်အကုန် ဒေါင့်စေ့အောင်လုပ်ပေးသည်။.ပန်က ရွာမှာပဲမွေးမယ်လို့ပြောထားတဲ့အတွက် အောက်ထပ်က အခန်းတစ်ခန်းကိုသီးသန့်ပြင်ပေးထားသည်။.အာ့ကိစ္စ နဲ့လဲမောင်နဲ့အခြေအတင်ပြောရသေးသည်။မောင်ကဆေးရုံမှာမွေးစေချင်တယ် ပန်က ကျရွာမှာပဲမွေးချင်သည်။ တရွာလုံးလဲ ဒီလိုပဲမွေးနေကျတဲ့အပြင်မောင်ရောဆရာမလေးပါရှိတယ်လေ ပြီးတော့ပန်က မိန်းကလေးအစစ်မှာမဟုတာဒွိလိင်လေ အာ့တော့ ဆေးရုံမှာမမွေးချင်။သူများပြောမဲ့ဆိုမဲ့ဒဏ်လဲမခံချင်။နောက်တော့လဲ မောင်ကပဲလိုက်လျောပြီး ပန့်ကိုရွာမှာပဲမွေးစေသည်။

🌹🌹ပန်တော်မူ🌹🌹(Completed)Où les histoires vivent. Découvrez maintenant