အခန်း ၁၃၅ ( သွေးကြွေးပြန်တောင်းရန် ရောက်လာသူများ )

Comenzar desde el principio
                                    

"အအေးမိလာတာလား..."

ရှုချန်း နှာခေါင်းကို ပွတ်သပ်လိုက်ကာ ...

"မဟုတ်ဘူး... တစ်ယောက်ယောက် ငါ့ကိုကျိန်ဆဲနေတာဖြစ်မယ်..." ဟု ပြောလိုက်သည်။

ထိုအချိန်တွင် လသာဆောင်၌ ရှိနေသော ခန္ဓာကိုယ် ကောက်ကြောင်း အလှတရားများ ပေါ်လွင်သည်အထိ တင်းကြပ်သော အပြာရောင်အင်္ကျီကို ဝတ်ဆင်ထားသည့် ယန်ကျင်းက ဆံနွယ်များကို လက်ကလေးဖြင့် ထိုးဖွလိုက်ကာ "နင်က ရှန်ချန်းရဲ့တံခါးဝဂိုဏ်း နှစ်ခုကို ဖျက်ဆီးလိုက်ပြီလေ... အခုချိန်မှာ နင့်ကို ကျိန်ဆဲနေတဲ့သူ မရှိရင် ဒါပုံမှန် မဟုတ်ဘူး..."

ရှုချန်း၏ စစ်ဆင်ရေးအပေါ် သိချင်စိတ်ရော စိုးရိမ်စိတ်ပါ ရောယှက်နေသည့် ရှန်ယောင်က ...

"သူတို့က နင့်ကို တစ်ချက်တောင် အလွတ်မပေးပဲ သတ်ဖို့ ကြိုးစားနေမှာ မကြောက်ဘူးလား..."

ရှုချန်း ပြုံးကာ ...

"သူတို့ ကြိုးစားပြီးပြီလေ... ငါ့ကို ဆေးရုံမှာ လုပ်ကြံဖို့လာတဲ့သူတွေကို မမြင်ဘူးလား... "

ရှုချန်း ဆေးရုံတက်စဉ်အခါက လုပ်ကြံရန် ဝင်ရောက်လာသော လူသတ်သမားများကို ရှန်ယောင် အမှတ်ရမိသွား၏။

"ကျွတ် ကျွတ်... နင့်ရဲ့အလုပ်က တကယ်အန္တရာယ်များတာပဲ..."

ယန်ကျင်းက ရယ်မောကာ "မဟုတ်ဘူး... သူကိုယ်တိုင်ကိုက ပြဿနာကို မီးထွန်းရှာနေတာ... ရှုချန်းက တံခါးဝဂိုဏ်းလေးခုကို အမြဲ ရန်စနေတာလေ... ဓားသွားပေါ် လမ်းလျှောက်နေတဲ့အတိုင်းပဲ... ငါ့ကိုကြည့်စမ်း... ဘယ်လောက်အေးချမ်းလဲ... ငါလည်း လူမိုက်တွေနဲ့ ဆက်ဆံရတာတွေရှိတာပဲ... ဒါပေမဲ့ အဆင်ပြေတယ်... ရှုချန်းကတော့ တကယ့် ဆရာကြီးတွေကိုမှ ထိပ်တိုက်တွေချည်းပဲ သွားတွေ့နေတာကိုး... ဒါ့ကြောင့် အန္တရာယ်များတာ..."

"ဟုတ်တယ်... ငါက ဂိုဏ်းတစ်ခုကို ဖျက်ဆီးလိုက်ပြီ... နောက်ဂိုဏ်းတစ်ခုရဲ့ လူတစ်ဝက်ကျော်ကိုလည်း ထောင်ထဲမှာ လက်ဖက်ရည် သောက်ခိုင်းထားလိုက်ပြီ... ဒီလိုလုပ်လိုက်လို့ ငါ အသက်ဆက်ရှင်နိုင်သေးရဲ့လား..."

နတ်နဂါးစစ်သည်Donde viven las historias. Descúbrelo ahora