"မောင်လည်း မသွားချင်ပါဘူး ပေါင်ပေ့ရာ"

"မောင် ငါ ငါတကယ်ကြီးမောင်နဲ့မခွဲနိုင်ဘူး"

ဟုတ်တယ် ရှောင်းကျန့်ဘာဖြစ်နေမှန်းသူကိုယ်သူ မသိတော့ဘူး။ မောင်နဲ့သူ အတူတူနေပြီးတဲ့နောက်ပိုင်းမှာ သူမောင်အပေါ် ပို တွယ်တာလာပြီး မောင်အနားပဲအမြဲနေချင်တယ် မောင်ကိုယ်သင်းရနဲ့လေးပဲအမြဲရှုရှိုက်ချင်တယ်။ မောင်အပေါ်ကို ချုပ်ချယ်ချင်လာတယ်။မောင်ကသူမဟုတ်တဲ့တစ်ခြားသူအပေါ်ကောင်းပြနေရင်သုမကြိုက်တော့ဘူး။  မောင်အပေါ်ကိုပိုတက်မက်လာတယ်။ ရှောင်းကျန့်မရတော့ဘူး မောင်အပေါ်မှာအရမ်းအရမ်းကျွမ်းလောင်နေမိပြီ။

"ပေါင်ပေ့"

"ဟင်"

ရိပေါ်ပေါင်ပေ့ရဲ့မျက်နှာလှလှလေးကို အုပ်ကိုင်ပြီး အလေးအနက်ပြောတယ်။

"မောင်နဲ့အတူ ဂျပန်ကို လိုက်မလား"

ရှောင်းကျန့်တွေးမိတယါ။ မောင်နောက်ကို ကောက်ကောက်ပါအောင်လိုက်ချင်တာပေါ့ ဒါပေမဲ့ စာမေးပွဲအနားနီးနေပြီ ကျောင်းပျက်လို့မဖြစ်ဘူးနောက်ပြီး မောင်အတွက်စာတွေပါ ကူးပေးရမှာ။ အ လုပ် လုပ်နေတဲ့မောင်နောက်ကို လိုက်ပြီး ရှုပ်မနေဘူး။

  "ငါ မလိုက်ဘူးမောင် စာမေးပွဲအနားနီးနေပြီ ဒါပေမဲ့ မောင်နဲ့လည်းမခွဲနိုင်ဘူး'

နှုတ်ခမ်းဆူကာပြောလာတဲ့ ရိပေါ်ပေါင်ပေ့လေးက အရမ်းချစ်စရာကောင်းလွန်းနေတယ်။ ရိပေါ်ကြည့်ပြီး တကယ်အူယားလာပြီ။ ဒီလိုဟာလေးလောက်ချစ်စရာကောင်းတာ နောက်ထပ်မရှိတော့ဘူး။ အူယားလိုက်တာ ဘေဘီရာ! ဒီဟာလေးကို ဖွက်ထားချင်လာပြီ။ နောက်ထပ်က သူအပိုင်ဖြစ်အောင်လည်း ချစ်ပြချင်လာပြီ။

"မောင် ~"

"ပေါင်ပေ့"

ရီဝေဝေ ကြည့်လာတဲ့ မောင်အကြည့်တိုကို ရှောင်းကျန့်မဖယ်ရှားနိုင်။ ဆွဲဆောင်လွန်းအားပြင်းတဲ့ မောင်မျက်နှာမှာ အခု
အချစ်ခိုးရိပ်ငွေ့တွေတက်လာပြီး မျက်နှာပြင်တစ်ခုလုံးပါရဲလာတယ်။

နောက်ပြီးသူအနောက်ဘက်ကိုလည်း လက်တို့နဲါ ဆွဲဆွဲပွတ်သက်လာတယ်။

" 𝐘𝐨𝐮 𝐀𝐫𝐞 𝐒𝐰𝐞𝐞𝐭 𝐀𝐧𝐝 𝐋𝐨𝐯𝐞"[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Место, где живут истории. Откройте их для себя