AHSASMW Chapter 8

1K 13 0
                                    

All Heaven's Sons are Surrounding my Wife
(ငါ့ရဲ့တစ်ဦးတည်းသော ချစ်ဇနီးက ကောင်းကင်သားတော်တွေရဲ့ အသည်းစွဲ)

Genre : Xianxia, Martial Arts, System, Reverse Harem, Cuckold

အပိုင်း ၈

ဟန်လင်းလည်း သူ့အရှေ့ရှိအနက်ရောင်အစေ့အားသိမ်းကာ ယွဲ့အာနှင့် ရှောင်းတန်အား စိတ်လှုပ်ရှားစွာ စောင့်နေသည်။
ခဏအကြာတွင် ယွဲ့အာမှာ တားမြစ်နယ်မြေအပြင်မှနေ၍ သူ့အား အသံလွှင့်ပြောသံအား ကြားလိုက်သည်။
သူလည်း သူ့ရတနာအကာအကွယ်ဖြင့် ယွဲ့အာတို့နှစ်ယောက်အား ကာကွယ်ပေးလိုက်သည်။
ယွဲ့အာနှင့်ရှောင်းတန်လည်း ဟန်လင်းအားပြုံးပြကာ သူ့အရှေ့တွင်၀င်ထိုင်လိုက်ကြသည်။
ဟန်လင်းလည်း သူတို့နှစ်ယောက်အား ကြည့်ကာမေးလိုက်သည်။
"ဆိုတော့ နှစ်ယောက်သားအစောကြီး ဘာကိစ္စများရှိလို့လဲ"
မေးသာမေးလိုက်ရသည် သူ့ရင်ထဲတွင်တော့ လှုပ်ရှားနေသည်။

ယုရွှမ်းယွဲ့လည်း ရှောင်းတန်ဖြင့် တစ်ချက်အကြည့်ချင်းဖလှယ်လိုက်သည်။
ထို့နောက် ဟန်လင်းအား မျက်စောင်းထိုးကာ
"ကိုကိုကလည်း ဘာလဲ ကိစ္စရှိမှလာရမှာလား။ ယွဲ့အာက ကိုကို့ကို မနက်စာလာပေးတဲ့ဟာကို။ ပြီးတော့ ရှောင်းတန်ကလည်း ကိုကို့ကို ပြောစရာအရေးကြီးကိစ္စရှိတယ်ဆိုလို့ တစ်ခါတည်းခေါ်လာလိုက်တာ"

ဟန်လင်းလည်း မချိပြုံးလေးပြုံးကာ တောင်းပန်လိုက်သည်။
"အဲ့လိုမဟုတ်ပါဘူး ယွဲ့အာရယ်။ ကိုလည်း အလုပ်များနေလို့ပါ။ ကို့အတွက် ယွဲ့အာပထမဆုံးလုပ်ပေးတဲ့ မနက်စာပဲ၊ ကိုယ်မစားချင်ပဲနေမလား"
ထို့နောက် ၀မ်းသာဟန်ဖြင့် ပြောလိုက်သည်။
"ကဲ မနက်စာဘယ်မှာလဲ ယွဲ့အာရဲ့၊ ကို့ကို ပြပါဦး"

ယုရွှမ်းယွဲ့လည်း ထိုအခါမှ ပြုံးကာ သူမလက်စွပ်ထဲမှ မနက်စာအားထုတ်ကာ စားပွဲပေါ်သို့ တင်လိုက်သည်။
ထို့နောက် ပန်းကန်လေးခုအား အဖုံးများဖွင့်ကာ ပြလိုက်သည်။
"အဲ့လိုမှပေါ့ ကိုကိုရဲ့။ ဒီမှာလေ ယွဲ့အာလုပ်ပေးထားတာ ချေးတော့မများနဲ့နော် ယွဲ့အာပထမဆုံးလုပ်တာမို့ အရသာတော့ ရှိမယ်မထင်ဘူး ဟိဟိ"
ပါးစပ်လေးအား လက်ဝါးလေးဖြင့် အုပ်ကာရယ်ရင်း ပြောလိုက်သည်။

All Heaven's Sons are Surrounding my WifeWhere stories live. Discover now