"ခရီးတစ်လျှောက်လုံး နင်ဒါကိုမေးနေတာ ဆယ်ခေါက်မဟုတ်တောင် ရှစ်ကြိမ်လောက်တော့ ရှိနေပြီ။ ငါသိသမျှနဲ့ ပြောနိုင်တာ အကုန် ပြောပြီးသွားပြီလေ... ပြီးတော့ မြို့ကို ပြန်လာရုံအပြင် ဘာမှမဟုတ်ဘူးကို ဘာတွေ အဲ့လောက် စိတ်လှုပ်ရှားနေတာလဲ မမလေးကျန်းကို ကြည့် နည်းနည်းလေးတောင် စိတ်မလှုပ်ရှားနေဘူး တွေ့လား"

အဲ့အချိန်မှာ တုန်အာက စာအုပ်ဖတ်နေတဲ့ ကျန်းလီကို ကြည့်ပြီး သူမဘာတွေးနေလဲဆိုတာ မသိပေမယ့် ရုတ်တရက် ရယ်ပြီးပြောလိုက်တယ်။ "ဟုတ်တာပေါ့ ငါတို့မမလေးက သာမန်အိမ်က မိန်းမပျိုလေးမှ မဟုတ်တာ သူ စိတ်မလှုပ်ရှားတာကမှ ပိုသဘာဝကျတာပေါ့"

တုန်အာ ပြောတာကြားပြီး ယွီရှန်းကလည်း လိုက်ရယ်တယ် ဆိုပေမဲ့ သူ ကျန်းလီကို ထပ်ကြည့်မိသွားတာတော့ မတတ်နိုင်ဘူး။

လမ်းတစ်လျှောက်လုံး သူမက စာဖတ်ရင်ဖတ် မဖတ်ရင်လည်းမျက်စိမှိတ်ကာ နားနေတာပဲ။ တုန်အာလို ဂနာမငြိမ် သိချင်စိတ်များနေတာနဲ့ တော်တော်ကွာခြားတယ်။ မြို့တော်ကိုပြန်ရောက်တာနဲ့ပက်သက်ပြီး ကျန်းလီက စိတ်ဝင်စားဟန်မပြဘဲ အထူးသဖြင့် ငြိမ်သက်တဲ့အသွင်ကိုသာ ပြခဲ့တယ်။ ယွီရှန်းက အဲ့တုန်းက ကျန်းသခင်မလေးကို ဘာ

အကြောင်းကြောင့် ချင်ချန်းတောင်ကို ပို့လိုက်သလဲ ဆိုတာ နားမလည်ခဲ့ဘူး။

သူမ မိထွေးကဘဲ ချောက်ချစွပ်စွဲချင်လို့တမင်ကြံတာလား ဒါမှမဟုတ် သူမက တကယ်ဘဲ သူ့မိထွေးကို ထိခိုက်စေချင်ခဲ့တာလား ဘာကြောင့်ဘဲဖြစ်ဖြစ် ကျန်းအိမ်တော်ကနေ သူမက နှစ်ပေါင်းများစွာ ထွက်လာခဲ့ရတယ်။ အခုသူပြန်ရောက်ပြီလေ တုံ့ပြန်မှုလေး နည်းနည်းတော့ ပြသင့်တယ်မလား စိတ်လှုပ်ရှားတာ၊စိတ်ပူတာ၊စပ်စုချင်တာမျိုး ဒေါသ၊စိတ်မပါတာ အိမ်ကိုလွမ်းနာကျတာမျိုးတောင် ဖြစ်နိုင်သေးတယ်။ ဒါပေမဲ့လည်း သူ့မျက်နှာပေါ်မှာ ဘာမှမရှိဘူး။ ကျန်းသခင်မလေးနှစ်က ငြိမ်သက်ရိုးရှင်းစွာ ရထားလုံးထဲမှာ ထိုင်နေပြီးအေးအေးချမ်းချမ်း ခရီးတစ်လျှောက်လုံး လိုက်ပါလာခဲ့တယ်။ သူမက မြို့တော်ကိုတွေ့ရမှာကိုရော မမြင်ရတာကြာတဲ့ ဆွေမျိုးတွေကိုတွေ့ဖို့ကိုရော ဘာပူပန်မှုမှ မပြဘူး။ ကျိုးနွံပြီးအေးချမ်းတဲ့ပုံရိပ်​လေးနဲ့ဘဲ ရှိနေတယ်။ တစ်ခါတစ်လေ သူ့ကိုကြည့်လိုက်ရင် အေးစက်စက်နဲ့ စိတ်မဝင်စားသလိုမျိုး။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းDonde viven las historias. Descúbrelo ahora