"ဒါ satang အတွက်လား ပေး သားသွားပေးလိုက်မယ်"

"အေး အေး ဂရုစိုက်သွားအုန်းနော် ညီလေးကိုလဲအော်မနေနဲ့အုန်း သေချာလေးဂရုစိုက်ပေးလိုက်"

"ဟုတ်ကဲ့ Mae"

ငါ satang ရဲ့မေမေကိုနှုတ်ဆက်လိုက်ပြီး အိမ်ထဲကိုဝင်ကာ ဆန်ပြုတ်ထည့်ထားတဲ့ဗူးကိုပေးလိုက်သည်။

"Mae က satangအတွက်ပေးလိုက်တာဗျ"

"အေး သား ကျေးဇူးပါဘဲကွယ်"

အန်တီက ဆန်ပြုတ်အတွက်ပန်းကန်ပြင်နေတုန်း ငါ satang အခန်းထဲဝင်သွားလိုက်သည်။

ငါ့ဘက်ကိုကျောပေးကာ အိပ်နေတဲ့ လူရဲ့နဖူးလေးကို စမ်းကြည့်လိုက်တော့...တော်တော်ကိုပူနေတာဘဲ။

ငါ ကပ်ထားလျက်ရှိတဲ့ပုဝါကို ရေပြန်လဲကာ ပြန်
ကပ်ထားပေးလိုက်သည်။ငါတကယ် သနားမိသွားသည်။

ငါ့နောက်က တံခါးဖွင့်သံကြားလို့ကြည့်လိုက်တော့ satang mae ကဆန်ပြုတ်ပန်းကန်နဲ့အတူဝင်လာသည်။

"သားရှိနေတာဘဲ Mae ကပြန်သွားပြီထင်လို့"

"အာ ကျတော်မပြောခဲ့မိတာဗျ တောင်းပန်ပါတယ်"

"ရပါတယ် သား အိမ်လိုဘဲသဘောထားပါ"

စကားပြောသံကြောင့်ထင်တယ် ကုတင်ပေါ်က ကလေးကနှိုးလာသည်။ငါ့ကိုတွေ့တော့ ချက်ချင်းပင်ပြုံးပြသည်။

"ဟမ် ကိုကို မင်း ရောက်နေတာလား"

"အင်း ဆန်ပြုတ်လာပို့တာ"

"ကိုကို ဘယ်အချိန်ထဲကရောက်နေတာလဲ"

"သိပ်မကြာသေးပါဘူး"

"ကဲ သားရေ ဆန်ပြုတ်သောက်မယ်"

"ဟို...ကိုကို တိုက်တာဘဲသောက်ချင်လို့..."

"ငါပြန်တော့မှာ"

"မင်းပြန်ရင် ကျတော်မသောက်ဘူး"

Satang ရဲ့ဂျီကျနေမှုကြောင့် အန်တီကကြားကဝင်ပြောသည်။

"အမလေး satang ရယ် ကိုကို ပြန်ပါစေ"

"မရဘူးဗျာ ကိုကိုတိုက်မှသောက်မှာ"

ငါ့ရှေ့ကနေ ဂျီကျနေတဲ့ကောင်ကို မနေနိုင်တဲ့အဆုံး ငါ တိုက်ဖို့ဘဲဆုံးဖြတ်လိုက်သည်။

Be my guitarist Where stories live. Discover now