မေးခွန်း ၃ : တူညီသော အီလက်ထရွန်များ သို့မဟုတ် တူညီသော အီလက်ထရွန်နစ်ဖွဲ့စည်းပုံပါရှိသော မော်လီကျူးများသည် isoelectronic ဖြစ်သည်။ အောက်ဖော်ပြပါ မော်လီကျူးများထဲမှ မည်သည့်အရာသည် isoelectronic မဟုတ်ပါသနည်း...

စူးကျိုက်ကျိုက်သည် ထပ်မညည်းညူတော့ရန် ဆုံးဖြတ်လိုက်ပြီး ဆယ်မိနစ်ကျော်ကြာအောင် သူမ၏အကြမ်းစာရွက်တွင် ရေးခြစ်ရန် ဘောပင်ကို ကောက်ကိုင်လိုက်သည်။

အင်္ဂလိပ်စာ၏ နှိပ်စက်ညှဉ်းပန်းခြင်းကို ခံနေရသော ကျန်းလုရန့်မှာ နားမလည်နိုင်စွာ အာရုံပြောင်းသွားခဲ့သည်။ သူ့ဘေးနားကလူမှာ သူမလက်ချောင်းများကို ချိုး၍ တစ်ခုချင်းစီ တိုးတိုးလေးရေရွတ်နေသည်ကို နားထောင်နေလေသည်။

"ဟိုက်ဒရိုဂျင်၊ ဟီလီယမ်၊ လီသီယမ်၊ လီသီယမ်၊ ဘယ်ရီလီယမ်၊ ဘိုရွန်၊ ကာဗွန်၊ နိုက်ထရိုဂျင်၊ အောက်ဆီဂျင်၊ ဖလိုရင်း၊ နီယွန်၊ ဆိုဒီယမ်... ဆိုဒီယမ်.. မဟုတ်ဘူး မှားနေပြီ မဂ္ဂနီဆီယမ် အလူမီနီယံ၊ ဆိုဒီယမ်၊ ဆီလီကွန်၊ ဖော့စဖရပ်စ်၊ ဆိုဒီယမ်; ဆယ့်သုံး"

ကျန်းလုရန့် : "......"

သူမက အဖြေကို ရှာတွေ့သွားသောအခါတွင် သူမ၏စိတ်အခြေနေမှာ လွတ်မြောက်သွားသလိုပင် ၊ ခက်ခဲတဲ့ပြဿနာကို ဖြေရှင်းရတာ အရမ်းအကျိုးရှိတယ်။

သူမ စိတ်လျှော့လိုက်သည်နှင့် စူးကျိုက်ကျိုက်မှာ ကျန်းလုရန့်၏အကြည့်ကို ချက်ချင်း သတိပြုမိသွားသည်။ သူ့အကြည့်တွေက ထူးဆန်းပြီး နားမလည်နိုင်တဲ့ ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ပြထားပါ၏။

စူးကျိုက်ကျိုက်မှာမူ သူစိုက်ကြည့်တာ ခံနေရသည့်အတွက် အနည်းငယ် ရှက်သွားပြီး သူမမျက်လုံးတွေကို အလျင်အမြန် အောက်ငုံ့လိုက်လေသည်။ သူ အကြည့်လွှဲသွားသည့်အခါမှ သူမ သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ထို့နောက် သူမ သူ့ရဲ့လေ့ကျင့်ခန်းစာအုပ်ကို သေသေချာချာ ကြည့်လိုက်၏။

သူက ကွက်လပ်ဖြည့်ကိုပဲ လုပ်နေသေးဆဲ ၊ ပြီးတော့ သူမ အရင်က ဒါကိုလုပ်ဖူးပုံရတယ်။ စူးကျိုက်ကျိုက် အဲဒါကို စိတ်ဝင်တစားကြည့်နေရာ အဖြေကိုတွေးပြီး ပြောဖို့ တုံ့ဆိုင်းနေလေသည်။

When I Fly Towards You ( ဘာသာပြန် )Onde histórias criam vida. Descubra agora