ကုမ္ပဏီ အမြောက်အများ အမှားအကြီးကြီး လုပ်မိသလို ခံစားနေကြရပါသည်။

တချို့ ထောက်ခံချက်ကုမ္ပဏီများဆိုရင် ရှားဝမ်ချွေ့နှင့် ပြန်ပြီး ဆက်သွယ်နိုင်ဖို့ ကြိုးစားနေကြပါပြီ။

အမှန်ပင် လင်းခယ့်ရှင်းနှင့် ဆက်သွယ်ချင်သည့် ဖျော်ဖြေရေးကုမ္ပဏီများက ပိုများပါသည်။

ဝေ့ပေါ် ပေါ်က ရေပန်းစားမှုကိုကြည့်ရုံနှင့်တင် သူတို့၏ ရွေးချယ်မှု မမှားယွင်းခဲ့ပါ။

ရှားဝမ်ချွေ့က ဓားနှင့်နတ်သမီးဒဏ္ဍာရီကို ရိုက်ကူးနိုင်ခဲ့လည်း ဘာဖြစ်လဲ။ သူက လင်းခယ့်ရှင်းကို ယှဥ်နိုင်လို့လား။

ရှားဝမ်ချွေ့၏ ရေပန်းစားမှုက လင်းခယ့်ရှင်းအောက် အလွန်နိမ့်ကျနေဆဲ ဖြစ်သည်။

ရုပ်သံဒရမ်မာတစ်ခုတည်းကို အားကိုးပြီး သူမကို မှီနိုင်ဖို့ကတော့ မလွယ်လှပါ။

ရှားဝမ်ချွေ့နှင့် လင်းခယ့်ရှင်းတို့ကြားက ကွာဟချက် ဘယ်လောက်ကြီးမားလဲဆိုတာ မေ့လိုက်လို့ မဖြစ်ပေ။

ထိုကွာဟချက်ကို ပိတ်ဖို့က အတော်လေး ခက်ခဲပါလိမ့်မည်။

အနည်းဆုံး ဓားနှင့်နတ်သမီးဒဏ္ဍာရီက ကြယ်ဥယျာဥ်ကို မကျော်လွန်နိုင်သေးပါ။

တစ်ချိန်တည်းတွင် MangoTV နဲ့ စုကျန့်တီဗီတို့တွင် ဒရမ်မာနှစ်ခု၏ ထုတ်လွှင့်ပြသမှု ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်များ ထွက်လာခဲ့ပါပြီ။

MangoTV တွင်။

"ရေပန်းစားလွန်းတယ်။ လင်းခယ့်ရှင်းက တကယ် ရေပန်းစားလွန်းတာပဲ။ ကြယ်ဥယျာဥ်အတွက် ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်က ဘယ်လောက်လဲ သိကြလား။ ၃.၅ ရာခိုင်နှုန်းတောင် ဖြစ်နေပြီ။ တစ်ရက်တည်းနဲ့ ၃.၅ ရာခိုင်နှုန်း ဖြစ်နေပြီ။ ရုပ်သံဒရမ်မာပေါင်းများစွာကို ကျော်လွန်ပြီး ရုပ်သံဒရမ်မာ သမိုင်းကြောင်း တစ်ခုလုံးကို ဖန်တီးနိုင်လောက်တဲ့အထိတောင် လုံလောက်တယ်။"

"လင်းခယ့်ရှင်းက အားကောင်းလွန်းတယ်။ ကြယ်ဥယျာဥ်က MangoTV အတွက် မကြုံစဖူး ရလဒ်မျိုးကို ဖန်တီးပေးလိုက်တာပဲ။ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း ထုတ်လွှင့်ပြသမှု စံချိန်တွေကို ကြယ်ဥယျာဥ်က ချိုးဖောက်သွားတာပဲ။"

သန်းကြွယ်ခြေလှမ်း (လင်းဖန်)Where stories live. Discover now