"လခွမ်း ယောက်ဖတို့ ငါပြန်လာပြီ။ ဟိုဘက် ရပ်ကွက်က ဓားနှင့်နတ်သမီးဒဏ္ဍာရီကို ဝေဖန်စရာ ဘာမှမရှိဘူးဖြစ်နေတယ်။ ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကလည်း အရမ်းလှတယ်။ သူတို့က အခုဆို ပိုလို့တောင် ဆွဲဆောင်မှု ရှိလာသလိုပဲ။ ယောက်ဖတို့ ငါပြန်မလာနိုင်တော့ဘူး။ တာ့တာ။ ငါ ဓားနှင့်နတ်သမီးဒဏ္ဍာရီကိုပဲ သွားကြည့်တော့မယ်။"

ကောမန့်ပေါင်းစုံ ဝေ့ပေါ် ပေါ်တွင် ပေါ်လာပါသည်။

"ကြယ်ဥယျာဥ်"ကလည်း အပိုင်း ၁ ကို ထုတ်လွှင့်ပြီးနောက် အလွန်အမင်း ရေပန်းစားလာပါသည်။

"ဓားနှင့်နတ်သမီးဒဏ္ဍာရီ" အပိုင်း ၁ ကလည်း ရီဗျူးကောင်းများ ရရှိထားသည်။

လင်းဖန်၏ ဓားနှင့်နတ်သမီးဒဏ္ဍာရီက ကြယ်ဥယျာဥ်ကို တကယ်တိုက်ခိုက်နိုင်လိမ့်မည်ဟု ဘယ်သူမှ မထင်ထားခဲ့ကြပေ။

ထို့အပြင် ဓားနှင့်နတ်သမီးဒဏ္ဍာရီက စတင်လွှင့်တင်ကတည်းက အရေးနိမ့်နေသူ မဟုတ်ခဲ့ပေ။

ဒါက ရုပ်သံဒရမ်မာနှစ်ခုအကြားက တိုက်ပွဲ မဟုတ်တော့ပေ။

လင်းဖန်နှင့် ဝမ်ဟောက်ရန် (ကြယ်ဥယျာဥ်၏ ခေါင်းဆောင်မင်းသား) တို့အကြားက တိုက်ပွဲ၊ ရှားဝမ်ချွေ့နှင့် လင်းခယ့်ရှင်းတို့အကြားက တိုက်ပွဲနှင့် ပိုတူလာပါသည်။

ထိပ်တန်း နာမည်ကျော် အမျိုးသမီးနှစ်ယောက် တိုက်ခိုက်သည့်အခါ ဘယ်လို မီးပွားမျိုးတွေ ထွက်လာနိုင်မှာလဲ။

တချိန်တည်းမှာပင် ဒါက ယွဲ့ဟွာဖျော်ဖြေရေးနှင့် ဟွာစဲရုပ်ရှင်တို့အကြားက တိုက်ရိုက်ရင်ဆိုင်မှု ဖြစ်သည်။

ထို့နောက် "ဓားနှင့်နတ်သမီးဒဏ္ဍာရီ"၏ ဒုတိယပိုင်းကို တရားဝင် ထုတ်လွှင့်ပြသခဲ့ပါသည်။

"ကြယ်ဥယျာဥ်" ၏ ဒုတိယပိုင်းကိုလည်း တစ်ချိန်တည်းမှာပဲ ထုတ်လွှင့်ပြသခဲ့သည်။

"ဓားနှင့်နတ်သမီးဒဏ္ဍာရီ"၏ အပိုင်း ၂ ကလည်း အလွန်မြန်ဆန်လှပါသည်။ လီရှောင်းယောင်နဲ့ ကျောက်လင်အာတို့ လက်ထပ်သွားကြသည်။

ထို့နောက် လင်းဖန်နှင့် ရှားဝမ်ချွေ့တို့ မင်္ဂလာဦးည ဇာတ်ဝင်ခန်းကို သရုပ်ဆောင်ရသည်။

သန်းကြွယ်ခြေလှမ်း (လင်းဖန်)Where stories live. Discover now