Tencent Arts စီအီးအိုက ဆက်ပြော၏။ "ဟုတ်ပါတယ်။ ကျုပ်အမြင်မှာတော့ လင်းဖန်က ပါရမီရှင်ဆိုတာထက်တောင် ပိုတယ်။ နောက်ဆက်တွဲတည်းဖြတ်ရေးမှာ သူ ဘာတွေလုပ်ခဲ့လဲ မသိပေမယ့် လက်ရာမြောက်တဲ့ ဇာတ်ညွှန်းကိုတော့ သေချာပေါက် လင်းဖန် ရေးခဲ့တာပါ။ ရုပ်သံစီးရီးရဲ့ ခေါင်းဆောင် မင်းသားကလည်း လင်းဖန် သရုပ်ဆောင်ထားတာပဲ။”

"ကျုပ်ပြောချင်တာက ကုမ္ပဏီက ချက်ချင်းပဲ လင်းဖန်နဲ့ ယွဲ့ဟွာဖျော်ဖြေရေးကို ဆက်သွယ်ပြီး ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲကို ဝယ်ယူဖို့ ငွေတွေ အများကြီး သုံးတော့မယ် ဆိုတာပါပဲ။” Tencent Arts ၏ စီအီးအိုက ပြောလိုက်သည်။

အားလုံး စီအီးအိုကို ကြည့်လိုက်ကြပြီး ထိတ်လန့်သွားကြ၏။

ဒါ ဘော့စ်တစ်ယောက်ရဲ့ အမြော်အမြင်လား။

ဘဝရဲ့ပျော်ရွှင်မှု ရိုက်ကူးရေး မစရသေးဘဲ၊ ဇာတ်ညွှန်းတောင် မပြီးသေးဘဲ Tencent Arts ၏ စီအီးအိုက ဒုတိယတွဲအတွက် ထုတ်လွှင့်ပြသခွင့်ကို ဝယ်ယူချင်နေလေပြီ။

သူတို့ လက်ဦးမှု ရယူချင်နေပါသည်။

ဘဝရဲ့ပျော်ရွှင်မှု ပထမတွဲ အောင်မြင်မှုကြောင့်ပဲ Tencent Arts မြန်မြန် လှုပ်ရှားရခြင်း ဖြစ်ပါသည်။

ဒါက လင်းဖန်အပေါ် သူတို့၏ ယုံကြည်မှု ဖြစ်ပါသည်။

လင်းဖန်သာ ရှိနေပါက ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲ၏ ဇာတ်ညွှန်းက သေချာပေါက် ဆိုးမှာ မဟုတ်မှန်း ယုံကြည်ပါသည်။

ဒီလို ဇာတ်ဝင်ခန်းများကို ရိုက်ကူးခြင်း၊ နောက်ဆက်တွဲတည်းဖြတ်မှု၊ သရုပ်ဆောင်များ၏ သရုပ်ဆောင်စွမ်းရည်တို့နဲ့တင် Tencent Arts ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲကို တန်းဝယ်ယူဖို့ အကြောင်းပြချက် လုံလောက်ပါပြီ။

တစ်ချိန်တည်းမှာပင် iQiyi ကလည်း လှုပ်ရှားသည်။ Tencent Arts လိုပဲ သူတို့ ယွဲ့ဟွာဖျော်ဖြေရေးကို ကြိုတင်ဆက်သွယ်ခဲ့ပါသည်။

ကုမ္ပဏီကြီးနှစ်ခုက ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲအတွက် ရင်းနှီးမြှုပ်နှံသူများပင် ဖြစ်ချင်နေကြပါသည်။

သန်းကြွယ်ခြေလှမ်း (လင်းဖန်)Where stories live. Discover now