"စိတ်ကလော၍ အပူကို မေ့ပြီးကိုင်လိုက်မိသည်။

"အား.."

"ရရဲ့လာ ပြစမ်း ပြောရင်းနဲ့ ဝီလီ နှင်းဆီရဲ့အပူလောင်သွားတဲ့ လက်ကိုကြည့်လဲကြည့်ပါးစပ်နဲ့လေပူမှုတ်နေသည်။

"နှင်းလက်ကို တယုတယကိုင်၍ လေပူမှုတ်ပေးနေတဲ့ ကိုဝီးကြောင့် တခြားသူတွေဝင်လာလို့မြင်သွားရင်မကောင်းတာမလို လက်ကိုရုန်းလိုက်မိသည်။

"ရတယ် မပူဘူး"

"သူ လက်ထဲကနေ ရုန်းထွက်သွားတဲ့လက်ကလေကြောင့် ဝီလီရင်မှာ အောင့်သက်သက်နဲ့သာ အပြင်မှာတော့ ပြုံးပြလိုက်ရသည်။

"ကိုယ်က စိတ်ပူသွားလိုပါ။

"ဒီလောက်လေ ပူတာလောက်တော့ နှင်းဆီကမမူပါဘူး ဒီအပူထပ်ဆိုတဲ့ အရာတွေကိုတောင် နှင်းဆီခံလာရပြီးပြီဘဲ ဒီလောက်ကတော့ စာမဖွဲပါဘူး ပြောရင်နဲ့ကိတ်ကိုပန်ကန်ပြာထဲကိုထည့်လိုက်၍ ကိုဝီကိုအမြည်းစားခိုင်းစေသည်။

"သူ လက်ထဲကိုထည့်ပေးလာတဲ့ ကိတ်ပန်းကန်ကိုယူလိုက်၍ စားကြည့်လိုက်မိသည်။

"အရသာ ဘယ်လိုနေလဲ စားရတာအဆင်ပြေလာ"

"အင်း အဆင်ပြေးတယ် ချိုတာထက် စိမ့်ပြီးတော့ အသီးအရသာကိုပေးစွမ်းတယ် နောက်ရက်ကျရင် ကိုယ်အသိတွေဆီကို ယူသွားပြီးနမူနာ ကျွေးရမယ်"

"အဲလိုကြီးတော့ တကူးတကကြီးမလုပ်ပါနဲ့ နှင်းဆီလုပ်တဲ့ကိတ်တွေက ဒီလောက်လဲစားလို့မကောင်းပါဘူး တော်ကြာနေ ကိုဝီမျက်နာပျက်စရာဖြစ်လိမ့်မယ် ပြောလဲပြော ကိတ်ပန်းကန်လေကိုကိုင်၍ အရှေ့ဘက်ကိုထွက်လာလိုက်သည်။

"ဒီခေတ်ကြီးထဲမှာ ဒီလိုပွင့်လင်းတဲ့ ကောင်မလေမျိုးရှိပါအုံးမလာ တချို့မိန်းခလေတွေဆိုရင် ပွင့်လင်းဖို့ထက် သူတို့ကိုသူတို ဂုဏ်မောက်နေကျတာ လောကမှာအဲလိုမိန်းခလေမျိုးကိုဘဲတွေ့ခဲ့ရတော့ ဒီလိုဖြူစင်တဲ့ကောင်မလေးကို ပိုင်ဆိုင် ဝီလီပို၍ လောဘတတ်မိနေသည်။

"ခက်တာက ကိုကြီးနဲ့ နှင်းဆီက တရားဝင်လက်ထပ်ထားတာဆိုတော့ ကွာရှင်းဖို့ကို သူဘယ်လိုလုပ်ရမလဲ ကိုကြီးကအခုတောင် အသည်းအသဲလိုက်ရှားနေတာ တကယ်လိုသာ ပြန်တွေသွားလိုက်တော့ ဝီလီဆက်မတွေးတော့ဘဲ ဆိုင်ထဲကနေ အိမ်ကိုသာပြန်လာလိုက်သည်။

Mafia's wife{ S1} Only with hate{S2} {Complete }Where stories live. Discover now