"သွားအခု...နင်အခုငါ့ရှေ့ကနေထွက်သွား ဖိုးရှုပ်"

"စေတနာနဲ့လည်းပြောရသေး...ပြီးကောဗျာ"

................

"ပဲပြုတ်...ပဲပြုတ်ပူပူလေးးးး"

"ပဲပြုတ်...လာပါဦး"

သူခိုးကြီးညအလွန် မနက်ခင်းလင်းအာရုဏ်ဝယ် မနက်စာအ
ဖြစ် ပဲပြုတ်၊မုန့်ဟင်းခါးဖ၊အသုတ်စုံနဲ့ မြန်မာရိုးရာမုန့်တွေကို
ဈေးဗန်းခေါင်းရွက်လို့ ရောင်းချကြတဲ့ ဈေးသည်တွေကနေတ
ဆင့်ကော အခြေကျရောင်းတဲ့ဈေးသည်တွေဆီ ကိုယ်တိုင်
သွားရောက်ဝယ်ကာ အိမ်ကထမင်းကြမ်းခဲနှင့်စား၍ ဝမ်းစာ
ကိုမနက်ခင်းတစ်ခုစာအတွက်ဖြည့်တင်းကာ နေ့လည်ထမင်း
စားချိန်မတိုင်မီအထိ အလုပ်လုပ်ရာတွင် အားအင်တစ်ခုအ
ဖြစ် စားသောက်ကြရသည်မဟုတ်လေလား။

ရွာလေးဖြစ်တာကြောင့် ပဲပြုတ်သည်ကတော့ မရှိမှာကိုမပူရ
လေအောင် ပဲပြုတ်သည်မနှင်းအေးက တာဝန်ယူထားပါ၏။

"ဟဲ့...ညက ဖိုးကံကောင်း ပျောက်သွားလို့ဆို"

ဈေးတောင်းခေါင်းချတာနဲ့တင် ရောင်းသူနဲ့ဝယ်သူ ဈေးအ
ရောင်းအဝယ်ပြောဖို့ကနောက်မှ အတင်းချဖို့ကအရင်...။

"ဟုတ်တယ်အေ...အဲ့ကောင်လေးကလည်း ကြည့်တော့
ရိုးအေးတဲ့လူရိုးလေးလိုနဲ့ မခုတ်တတ်တဲ့ကြောင်လေ..ညက
ဆို သူ့အမေနဲ့အကိုနှစ်ယောက်က ရှာလိုက်တာ ဖတ်ဖတ်ကို
မောနေကြတာပဲ...တစ်ရွာလုံးအနှံ့ ပြီးတော့မှ လင်နောက်
လိုက်ပြေးတာတဲ့"

"ဟင်း..အဲ့လိုကြီးလား ယောက်ျားလေးပဲကို ဘာများကြည့်
ကြိုက်လဲမသိဘူး...ခေတ်ကိုကအဆန်း"

"ခေတ်ကဆန်းတာတွေ ထွေပြားတာတွေပြောမနေနဲ့ ယူချင်
တဲ့သူယူနေကြတာကို ဘာများအဆန်းလုပ်လို့ သူ့အကိုဝမ်းကွဲ
သခွပ်ရိုးတောင် ရွာကို သူ့လင်နဲ့ခိုးပြေးလာတာပဲ ကြည့်လေ
မျိုးရိုးလိုက်တာနေမှာပေါ့"

"ဘုရားရေ..အဲ့လိုကြီးလား နင်ပြောမှဟုတ်သလိုပဲနော်"

"ဘုရားတမနေနဲ့ အဲ့ကောင်လေးကိုက အနေအထိုင်မတတ်
တော့ ဟောကြည့် အခုတော့ တရွာလုံးသတင်းမွှေးလို့"

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)Onde histórias criam vida. Descubra agora