"အကိုကြီးကလည်း ခွေးမဖြစ်ချင်လည်းဖြစ်နေမှာပေါ့"

ဟု ဖိုးရှုပ်က ဝင်ထောက်လိုက်လေ၏။

"မင်းတိတ်တိတ်နေ...အမေ! ဘယ်လိုလုပ်မှာလဲ"

"ဘယ်လိုမှလုပ်မနေနဲ့အေ အစကတော့ လူဆိုးသူခိုးတွေများ
ဗ္ဓီဒီယိုကားထဲလို ပြန်ပေးဆွဲတယ်ထင်မိသေး...အခုတော့
အဟင်း သူတော်ကောင်းအလိမ္မာတုံးလေးက စာလေးတောင်
ချန်သွားတယ်ဆိုတော့ လင်နောက်ပဲလိုက်ပြေးတာတော်ရေ"

"အဲ့တော့ သားတို့ကလိုက်မရှာရတော့ဘူးလား၊ ဘယ်က
ကောင်နဲ့မှန်းလည်းမသိနဲ့ အဲ့ဒါအမေကြောင့်...အမေက
ရည်းစားမထားနဲ့အတင်းကြိမ်းမောင်းနေတာမို့ တွေ့ရာလူနဲ့
လိုက်ပြေးတာနေမှာ"

"အမလေး...ဘုရားဖြစ်မဲ့အုတ်နီခဲကများ ငါ့လာအပြစ်တင်
နေသေး...ဖိနပ်နဲ့ကောက်ပေါက်လိုက်လို့ လွှင့်သွားမယ်ငါ့
ဘာမှတ်နေလဲ"

"မဟုတ်တာကျလို့"

"တော်ပြီအမေတို့ရာ...အငယ်ကောင်ကဘယ်ပျောက်မှန်းမသိ...ဘယ်ကလူနဲ့ညားနေမှန်းမသိလို့စိတ်ပူရတဲ့ကြားထဲ
ရန်ဖြစ်မနေနဲ့.."

"ဒီရွာကပဲနေမှာပေါ့တော်...သူကဘယ်များသွားလာဖူးလို့လဲ
ဒီရွာသားပဲနေမှာ...ဘယ်က ကလေကဝနဲ့လိုက်ပြေးလဲမသိ
အရက်သမားဖဲသမားဖြစ်နေရင် ရင်ကြိုးရချည်ရဲ့အေ..မြ
သက်တို့နဲ့များတခြားစီ..ရွာကိုလာတဲ့ ဘာတဲ့ ဟိုနိင်ငံခြား
ကောင်လေးနဲ့ချစ်ကြိုက်နေတာ ဘယ်လောက်ကောင်းလဲ
ပိုက်ဆံလည်းချမ်းသာ၊ရုပ်ကလည်းချော...အမလေး!သိကြား
မင်းရယ် မြန်မြန်သာလာခေါ်စမ်းပါအပူတွေနဲ့မနေပါရစေနဲ့
တော့...ဟူး"

"အမေက သိကြားမင်းဆီဆုတောင်းပြီးနတ်ပြည်တတ်ဖို့ဆု
တောင်းနေသေး...ကြည့်တော့ သကြားပုလင်းထဲကပုရွက်
ဆိတ်တွေကိုတောင် စောက်ကမျဉ်းမတွေဆိုပြီး ရေနှစ်သတ်
ပြီးတော့"

"ဟောတော်...မအေကိုနော် မွေးရကျိုးနပ်လိုက်တဲ့သား"

"ဟုတ်တယ်လေဗျာ...နှစ်လုံး၊သုံးလုံးလေးကလည်းထိုးနေ
တာ တစ်ခါမှလည်းမပေါက်ပဲနဲ့ သိတယ်နော် မညာနဲ့ဗျ...
အမေကိုဘယ်သိကြားမင်းကမှမခေါ်ဘူး၊အမေကငရဲ
မင်းဆီပဲဆုတောင်းရမှာ"

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)Where stories live. Discover now