17.ဖုံးကွယ်ထားသောမျက်နှာ

Comenzar desde el principio
                                    

ထုံးတမ်းအစဥ်အလာအရ နှစ်ဖက်မိဘကို နှုတ်ဆက်ဂါရဝပြုရမည်ဖြစ်တာကြောင့် မင်္ဂလာပွဲပြီးနောက်တစ်ရက်တွင် ခမည်းတော်နှင့်မယ်တော်ကိုသွားရောက်ဂါရဝပြုကြသည်။

ဂါရဝပြုပြီးနောက် ဟွန်းက ညီလာခံခန်းမသို့ ညီလာခံတက်ရောက်ကာ စစ်မှတ်တမ်းတင်ပြရန်ထွက်ခွာသွားပြီး ဆောနူးကတော့ ဟွန်းအိမ်ကိုအတူသွားကြဖို့ ဟွန်းအလုပ်ပြီးသည်အထိ ကလေးဘဝကနေခဲ့ဖူးတဲ့နန်းဆောင်ဟောင်းလေးမှာနားနေကာ စောင့်နေသည်။

ထိုစဥ်မှာပင် မမျှော်လင့်ထားသောဧည့်သည်တစ်ယောက် ဆောနူးနန်းဆောင်ရှိရာသို့ရောက်လာသည်။

" ဆယ်ဂျာဘင်မယ်မယ် "

ဆယ်ဂျာဘင်မယ်မယ် (အိမ်ရှေ့စံမိဖုရား) က ဆောနူးရှေ့ကခုံမှာ ဝင်ထိုင်လိုက်ပြီးနောက် အစေခံများအားလုံးကိုအခန်းအတွင်းမှထွက်သွားစေသည်။

"အရင်ကတည်းကတွေ့ဖူးပေမယ့် အခုမှသေချာပြန်ပြီးနှုတ်ဆက်ပါမယ် ဆောနူးဒယ်ဂွန်
သတိပေးစရာရှိလို့လာခဲ့တာပါ။

သတင်းတွေလည်းကြားဖူးမှာပေါ့ ငါက စစ်သူကြီးချုပ်ရဲ့ကြင်ယာတော်ဇာတာနဲ့မွေးလာခဲ့ပေမယ့် အိမ်ရှေ့စံက မတရားသိမ်းပိုက်တာခံလိုက်ရတဲ့သူပဲ။

ဟွန်းက အရင်ကတည်းက ငါ့လူပဲမို့ သူ့အနားကနေဝေးဝေးနေပါ။

ကောက်ကျစ်တဲ့ဉာဏ်နဲ့ ယောက်ျားလေးအချင်းချင်း သိမ်းသွင်းဖို့မကြိုးစားနဲ့ ပြီးတော့ ဒယ်ဂွန်ရဲ့ ကံဆိုးစေတဲ့ ဂြိုလ်ဆိုးမျက်နှာနဲ့ ငါ့ရဲ့ဟွန်းကို နောက်တစ်ကြိမ်ထပ်ပြီးမသတ်မိစေနဲ့။

မဟုတ်ရင် ငါက ​ခွင့်လွှတ်မှာမဟုတ်ဘူး"

ဆယ်ဂျာဘင်မယ်မယ်ရဲ့ထိုစကားများကြောင့် ဟွန်းနဲ့အတူ ဖမ်းခံရတဲ့ထိုညက မိန်းကလေးကိုရုတ်တရက်သတိရမိသွားသည်။

ဟွန်းကနှစ်သိမ့်သည့်အနေဖြင့်ပေးခဲ့သည့်နဖူးပေါ်ကအနမ်းလေးတစ်ပွင့်ကို ယောက်ျားလေးအချင်းချင်းမျက်စိရှက်စရာအပြုအမူဟု ခေါင်းစဥ်တပ်ခဲ့သောထိုမိန်းကလေးရဲ့မျက်လုံးတွေက မျက်စိရှေ့က ဆယ်ဂျာဘင်မယ်မယ်နဲ့အတော်အတန်ဆင်တူနေခဲ့သည်။

Majestic Love Story In Dae Goguyeo Donde viven las historias. Descúbrelo ahora