ဂိမ်းဒီဇိုင်နာ က ယဲ့ကျစ်ကျိုး အကြိမ်ပေါင်းများစွာ ကစားဖူးသော ဂိမ်းတစ်ခု ဖြစ်ပါသည်။ ရွေးချယ်မှုနဲ့ ရလဒ်များစွာကို သိနေပြီသား ဖြစ်သည်။

ဂိမ်းထဲက နောက်ခံစကားပြောများကို လုံးဝ လျစ်လျူရှုနိုင်ပြီး အဖြေမှန်အားလုံးကို ရွေးချယ်နိုင်သည်။ သို့သော်လည်း ထိုသဘောတရားအားလုံးကို နားလည်သော်လည်း လက်တွေ့မှာတော့ ဝေဖန်ချက်အားလုံးကို လုံးဝ လျစ်လျူရှုလိုက်လို့မရပေ။

ဝမ်ရှောင်းပင်က မတ်တပ်ရပ်လိုက်ပြီး ထပ်ပြောလိုက်ပါသည်။ "စိတ်ရှုပ်တယ်ဆိုတာ ပုံမှန်ပါပဲ။ မင်းက ဘော့စ်ဖေးလုပ်ခိုင်းတဲ့ အလုပ်ကိုပဲ လုပ်ရမှာဆိုတာကို သတိရပါ။”

ယဲ့ကျစ်ကျိုး မျက်လုံးများ တောက်ပသွား၏။

ဟုတ်တာပေါ့။ ဘယ်သူတွေ ဘာပဲပြောပြော ဒါ သူ့ကို ဘော့စ်ဖေးကိုယ်တိုင် လုပ်ခိုင်းထားတဲ့အရာပဲလေ။ သူ အောင်မြင်မြင်၊ ရှုံးနိမ့်နိမ့် ဘော့စ်ဖေးရဲ့ ညွှန်ကြားချက်အတိုင်း လိုက်လုပ်ရင် အဆင်ပြေမှာပဲမဟုတ်လား။

ထိုသို့ စဥ်းစားပြီးနောက် ယဲ့ကျစ်ကျိုးတစ်ယောက် ထပ်ပြီး တွန့်ဆုတ်မနေတော့ပေ။ ချက်ချင်း ဂိမ်းကို နောက်တစ်ခေါက် စစ်ဆေးလိုက်ပြီး Group ထဲသို့ မက်ဆေ့ချ်ပို့လိုက်ပါသည်။

"ဂိမ်းတွေကို အပ်ဒိတ်တင်လိုက်တော့။”

နာရီအနည်းငယ်ကြာပြီးနောက်...

Bloody Battle Song က လူများစွာ၏ ဆွေးနွေးစရာ အခန်းကြီး ဖြစ်လာာပါသည်။

ဆာဗာမျိုးစုံက ဂိမ်မာအုပ်လိုက်ကြီးများက အဓိကမြို့တော်၏ မြို့တော်ပလာဇာတွင် စုစည်းကြပြီး အပ်ဒိတ် နောက်ဆုံးကြေညာချက်ကို ဆွေးနွေးနေကြသည်။

Bloody Battle Song ကို ထုတ်လုပ်ပြီးကတည်းက အကြိမ်ပေါင်း ဆယ်နဲ့ ချီပြီး အပ်ဒိတ်တင်ခဲ့ဖူးပါသည်။ အကြိမ်တိုင်းလည်း အပ်ဒိတ်အကြောင်း ကြေညာချက် ထုတ်ပြန်၏။ သို့သော်လည်း အရင်တုန်းက ကြေညာချက်များက ဒီတစ်ခုလောက် တုန့်ပြန်မှုကို မရခဲ့ပါ။

ဂိမ်မာများက တိုက်ခိုက်ဖို့ Level တင်ဖို့ စိတ်မဝင်စားကြတော့ပေ။ သူတို့အားလုံး နောက်ဆုံးထွက် အပ်ဒိတ်ကိုသာ ဆွေးနွေးနေကြပါသည်။

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now