ပြောင်းလဲမှုများ ပြုလုပ်ပြီးနောက် ဂိမ်းက အပြင်ပိုင်းမှာတော့ အရင်အတိုင်းရှိပုံပေါ်သော်လည်း ဗဟိုမှာတော့ လုံးဝ ခြားနားနေပါပြီ။

ဝမ်ရှောင်းပင်က ယဲ့ကျစ်ကျိုးဘေးမှာ ထိုင်လိုက်ကာ မေးလိုက်ပါသည်။ "တခြား ပြဿနာရှိသေးလား။”

ယဲ့ကျစ်ကျိုးက ခေါင်းခါပြီး ပြောလိုက်၏။ "တခြားပြဿနာဘာမှမရှိိပါဘူး။ ကျွန်တော်... နည်းနည်းပဲ စိုးရိမ်မိတာပါ။”

"ကျွ်တော်တို့ အကြီးစား ပြောင်းလဲမှုကြီးတွေ လုပ်လိုက်ကြတယ်။ ပြီးတော့လည်း ကျွန်တော်တို့မှာ ထုတ်ပြစရာ အောင်မြင်တဲ့ဂိမ်း တစ်ခုမှလည်း မရှိဘူး။ ကျွန်တော်တို့ စဥ်းစားမိတာကိုပဲ လုံးဝ မှီခိုနေရတာ။ ရလဒ်က ဘယ်လိုဖြစ်လာမလဲ ကျွန်တော် မသိဘူး။ ကျွန်တော် အရမ်း စွန့်စားရာကျနေတယ်။”

ယခင်တုန်းက ရှန်းယန်ဂိမ်းမှာဆို အစည်းအဝေးတစ်ခုအတွင်း အကြံဉာဏ်သစ် တစ်ခု ပေးလိုက်ပါက လျို့ကြီးက အမြဲတမ်း မေးလေ့ရှိသည်။ "အရင်တုန်းက ဒါမျိုး အောင်အောင်မြင်မြင် လုပ်ဖူးတဲ့ ဂိမ်းရှိလား။” အဖြေက မရှိဘူးဆိုလျှင် ထိုအကြံဉာဏ် အတော်များများက ပယ်ချခံရပါသည်။

ယဲ့ကျစ်ကျိုးက ဒီလို စဥ်းစားပုံစဥ်းစားနည်းကို အသားကျနေပါပြီ။ ထို့ကြောင့်လည်း အခု လုံးဝ လမ်းပျောက်နေရခြင်း ဖြစ်၏။

"အစ်ကိုဝမ်မှာ အတွေ့အကြုံတွေ အများကြီး ရှိတယ်မလား။ ကျွန်တော်တို့ အောင်မြင်နိုင်မယ်လို့ထင်လား။”

ဝမ်ရှောင်းပင်က ပေါ့ပါးစွာ သက်ပြင်းချလိုက်ပြီး ယဲ့ကျစ်ကျိုးကို အတည်ပေါက် ကြည့်လိုက်ပါသည်။ "ယဲ့လေး မင်းက အခု အစီအစဉ်ရေးဆွဲသူချုပ် ဖြစ်နေပြီလေကွာ။ အဲ့ဒီဆုံးဖြတ်ချက်တွေက မင်းလုပ်ရမှာကွ။ တခြားသူတွေကို မေးနေလို့ မရတော့ဘူး။ အဲ့ပြောင်းလဲမှုတွေ အောင်မြင်မလား မအောင်မြင်ဘူးလား၊ ဂုဏ်သတင်းနဲ့ တာဝန်တွေ အကုန်လုံးက မင်းအပိုင်ပဲ။ အစီအစဉ်ရေးဆွဲသူချုပ်တစ်ယောက်အဖြစ် မင်းပြင်ဆင်ထားရမယ့်အရာတွေ အများကြီး ရှိတယ်။”

"ဂိမ်းဒီဇိုင်နာကို မင်းမှတ်မိလား။ အားလုံးရဲ့ အထင်အမြင်တွေက  ဂိမ်းထဲက နောက်ခံအသံကိုပဲ ဝေဖန်နေကြတာ။ မင်းကို ဝေဖန်တာကလွဲပြီး သက်ရောက်မှု များများစားစား မရှိဘူးလေကွ" ယဲ့ကျစ်ကျိုးက အနည်းငယ် ခေါင်းငြိမ့်လိုက်ပြီး သက်ပြင်းချလိုက်ပါသည်။ "ဟုတ်ပါတယ်။”

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now