"ဒီဂိမ်းက အသားကျဖို့ အချိန်ယူရတဲ့ဂိမ်းမျိုးပဲ။ အစကတော့ ငါလည်း မကစားချင်တော့ဘူး။ ဒါပေမယ့် ဒုတိယတစ်ခေါက် ပြန်ကစားတဲ့အထိ သည်းခံလိုက်တာ ဒီဂိမ်းက ပိုပိုပြီး စိတ်ဝင်စားဖို့ကောင်းလာတယ်လို့ ခံစားရတယ်။ ငါမရပ်နိုင်တော့ဘူး။ အခုတော့ ၁၈ကြိမ်မြောက်ကစားဖို့ ပြင်နေပြီ"

"ကုမ္ပဏီက ဒီဂိမ်းကို ၂၈ ယွမ်တည်းနဲ့ ရောင်းပေးတာ အရမ်းသဘောကောင်းတာပဲ။ သူတို့ အရင်းတောင် ပြန်ကျေနိုင်ပါ့မလား။ ကြည့်ရတာ ဒီဂိမ်းထဲမှာ တော်တော့်ကို ရင်းနှီးမြှုပ်နှံထားကြတဲ့ပုံပဲ။ ငါကော်ပီ ၃ ခုတောင် ဝယ်ထားတယ်။ ၂ ခုက ငါ့သူငယ်ချင်းတွေအတွက်ပါ။ ဒါပေမယ့် အရှုံးမပေါ်ပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။”

ကစားသမားများ၏ ရီဗျူးများကို ဖတ်ပြီးနောက် ဖေးချမ့် အတွေးထဲနစ်မြောသွားသည်။

(ကော်ပီ ၃ ခု ဝယ်သွားတဲ့ကောင် အိမ်လိပ်စာ ပေးပါလား။ မုန့်လေး ဘာလေးဝယ်ကျွေးချင်လို့...။

အဓိပ္ပာယ်မရှိတာတွေ....။

ကစားသမားတွေ မကစားဖို့ နည်းလမ်းစဥ်းစားဖို့အတွက် ဦးနှောက်စားခဲ့ရတာ။ အဲ့ဒီအချက်တွေက တကယ့်ရောင်းရတဲ့အချက်တွေ ဖြစ်သွားတာလား။

တချို့က နောက်ခံစကားပြောကောင်နဲ့ အပြင်မှာ တွေ့ချင်တယ်လို့တောင် ပြောနေကြတယ်လား။ ကောင်းပြီလေ မင်းတို့ကောင်တွေ စိတ်ကျေနပ်အောင် လုမင်လျန်ကို မနက်ဖြန် လူရှေ့ထွက်ပြခိုင်းလိုက်မယ်။ မင်းတို့ အိုင်ဒေါလုပ်လိုက်ကြ)

ဖေးချမ့်  စိတ်ဓာတ်ပြိုလဲလာပါပြီ။ ဂိမ်း၏ ရီဗျူးများကိုဖတ်ပြီး ဂိမ်း၏ ဆိုးရွားသော အချက်တွေက ဘာလဲ သို့မဟုတ် နောက်တစ်ခေါက် ရှောင်လို့ရမည့် ကောင်းကွက်များက ဘာလဲ ရှာဖွေချင်ခဲ့သည်။

သို့သော်လည်း... အားလုံးက ဒီဂိမ်း၏ ကဏ္ဍအားလုံးကို သဘောကျနေသည့်ပုံပင်။ ပန်းချီစတိုင်က မဆိုးပါ၊ ကစားပုံကစားနည်းက မဆိုးပါ၊ စိတ်ပျက်စရာ နောက်ခံစကားပြောကတောင် ရောင်းအားကောင်းရသည့် အကြောင်းအရင်း ဖြစ်လာသည်။

ဖေးချမ့် ဒါတွေကိုကြည့်ပြီး ဘာရနိုင်မှာလဲ။

(လုံးဝပြီးပြည့်စုံပြီး အပြစ်အနာအဆာမရှိတဲ့ ဂိမ်းတစ်ခုကို တကယ်ကြီး ငါဖန်တီးနိုင်ခဲ့တာလား၊ ဒါဘယ်လိုဟာသမျိုးလဲ)

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now