အမှန်ပင် အလကားတော့ မဟုတ်လောက်ပါ။ ကြော်ညာခတော့ ပေးခဲ့ရလောက်ပါသည်။

ဖေးချမ့် နှိပ်ကြည့်လိုက်သောအခါ ရင်ထဲ နင့်သွားရ၏။

ဗီဒီယိုတင်တာ ၁ ရက်သာ ရှိသေးသော်လည်း ကြည့်ရှုသူ ၂,၀၀၀ တောင်ရှိနေပါပြီ။

ဒါတောင် အကောင့်အသစ် ဖြစ်သည်။

ဖေးချမ့် အောက်က ကောမန့်များကို ဖတ်ကြည့်လိုက်ပါသည်။

အသက်ဝင်လိုက်တာ။

သေသေချာချာ ဆန်းစစ်ကြည့်ပြီးနောက် ဖျော်ဖြေရေးအပိုင်းက အင်တာနက်အသုံးပြုသူများက အလွန် စည်ကားနေကြသည်ကို မြင်လိုက်ရပါသည်။ ကောမန့်နဲ့တင် စာမျက်နှာ ဆယ်ချီပြီး ရှိနေပါပြီ။

သွားပြီ။ သူ စိုးရိမ်နေခဲ့တာ တကယ်ဖြစ်လာပြီ။

ဖေးချမ့်က သူ့မိဘများ သတိမထားမိအောင် သူ့စိတ်ခံစားချက်များကို ထိန်းဖို့ ကြိုးစားလိုက်ပါသည်။ ထို့နောက် ဘာမှမဖြစ်သလို ဟန်ဆောင်ပြီး လက်ပ်တော့ကို ပေးလိုက်ပါသည်။ "ဒီမှာလေ။"

သူ့မိဘများက လက်ပ်တော့ကို ကော်ဖီစားပွဲပေါ်တင်လိုက်ပြီး တစ်ပြိုင်တည်း ကြည့်လိုက်ကြသည်။

"ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝ ဟုတ်လား။" အဖေဖေးက ဖေးချမ့်ကို သံသယဖြစ်စွာ ကြည့်လိုက်ပါသည်။

"ဟီးဟီးအဲ့တာ ဗီဒီယိုအတိုလေးတွေ ပေါင်းထားတဲ့ စီးရီးရဲ့ နာမည်ပါ။ ကျွန်တော်က အဲ့ရှိုးထဲမှာ ကုမ္ပဏီဘော့စ်တစ်ယောက်အဖြစ် သရုပ်ဆောင်ရတာလေ။" ဖေးချမ့်က ရှင်းပြလိုက်ပါသည်။

ထို့နောက် ဗီဒီယို စတင်ခဲ့၏။

"ကျွန်တော့် ရိုးလက်စ်နာရီကို ကြည့်လိုက်တယ်။ အချိန်ကို သိရဖို့ မဟုတ်ဘူး။ ခင်ဗျားတို့ကို ကျွန်တော်က သူဌေးဆိုတာ အသိပေးဖို့ပါ။”

"ဒီနေ့ ကျွန်တော် စိတ်ကူးတစ်ခုရခဲ့တယ်။ ဂိမ်းအသစ်တစ်ခု ဖန်တီးဖို့။ ကစားသမားတွေကို ကစာားချင်သလောက် ကစားစေနိုင်မယ့် ဂိမ်းတစ်ခုပေါ့။”

စိတ်ဝင်စားဖို့ မကောင်းသည့် နောက်ခံတီးလုံးနဲ့ ငြီးငွေ့ဖွယ်ကောင်းသည့် နောက်ခံစကားပြောက ဒီဗီဒီယိုကို အထူးတလည် လက်ရာမြောက်စေခဲ့သည်။

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now