နေ့စဥ်အသုံးအဆောင်ပစ္စည်းများအတွက်တော့ တချို့က စူပါမားကတ်များကို သွားဝယ်ကြသေးသော်လည်း တချို့ကတော့ အိမ်အရောက်ပို့ဆောင်သော အမြန်ချောပို့ဝန်ဆောင်မှုများကို ရွေးချယ်လာကြပါသည်။

စားသောက်ဖို့အတွက်လည်း လူများစွာက အမြန်ချောပို့များကိုသာ အားကိုးကြတော့သည်။ အများဆုံး အထူးပွဲတော်များအတွက်သာ အဆင့်မြင့် စားသောက်ဆိုင်များသို့ သွားတတ်ကြသည်။ စားသောက်ဆိုင်များကို သူတို့ မကြာခဏ အားမပေးကြတော့ပါ။

အနှစ်ချုပ်ပြောရလျှင် ဆိုင်ခန်းတစ်ခုက ဘယ်လို စီးပွားရေးပဲလုပ်လုပ် သူတို့အတွက် စီးပွားရေး ကျဆင်းကာ နေဝင်တော့မည့် လုပ်ငန်းတစ်ခုလိုဖြစ်လာမည်။

ဖေးချမ့်ကလည်း ဒါမျိုးကိုပဲ ကြိုက်တာ ဖြစ်သည်။

သို့သော်လည်း... သူဘယ်လို ဆိုင်ခန်းမျိုး ဖွင့်ရမည်နည်း။ စနစ်က ဘယ်လို လုပ်ငန်း သို့မဟုတ် ဝန်ဆောင်မှုဟု အတိအကျသတ်မှတ် မထားပါ။ ဆိုင််ခန်းတစ်ခုသာ ဖြစ်ဖို့လိုသည်။ တစ်ခုတည်းသော ကန့်သတ်ချက်က လူစည်ကားသည့် မြို့တော်ရပ်ကွက်တစ်ခု သို့မဟုတ် ကျောင်းတစ်ကျောင်းအနားတွင် ဆောက်ဖို့သာ ဖြစ်သည်။ မုန့်ဆိုင်ဖြစ်ဖြစ်၊ စာအုပ်ဆိုင်ဖြစ်ဖြစ်၊ မိတ္ထူဆိုင်ဖြစ်ဖြစ် အားလုံး ခွင့်ပြုထားပါသည်။

ဖေးချမ့်က ဒီအကြောင်းကို ထပ်ပြီး နက်နက်ရှိုင်းရှိုင်း စဥ်းစားကာ ဒီကိစ္စအောင်မြင်နိုင်နှုန်းကို တွက်ချက်ပါသည်။ နောက်ထပ် ၁၀ နှစ်အတွင်း ဆိုင်ခန်းများက ပိုပို အခြေအနေ ဆိုးရွားလာနိုင်သော်လည်း သူအခု ဖွင့်လိုက်ပါက သေချာပေါက် အရှုံးပေါ်နိုင်ပါ့မလား။

မပြောနိုင်ပါ။

အခုက ၂၀၁၀ ခုနှစ်ဖြစ်သည်။ e-commerce နှင့် အမြန်ချောပို့ဝန်ဆောင်မှုများက ဖွံ့ဖြိုးတိုးတက်ဆဲသာ ရှိသေးသည်။ ဆိုင်ခန်းများက အမြတ်ရနေဦးမည် ဖြစ်သည်။ စာအုပ်ဆိုင်မျာား၊ စတိုးဆိုင်ငယ်များ၊ ကျောင်းနားက အင်တာနက်ကဖေးဆိုင်များက အတော်လေး အဆင်ပြေနေကြဆဲ ဖြစ်သည်။ လူသူကင်းမဲ့သည့် ထောင့်တစ်နေရာတွင် မိတ္ထူဆိုင်ဖွင့်ရင်တောင် ပိုက်ဆံ လုံလုံလောက်လောက် ရနိုင်ပါသေးသည်။

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Tahanan ng mga kuwento. Tumuklas ngayon