ဘယ်လိုမဆို ဒီအချစ်ကိစ္စရပ်က ဧကရာဇ်ရဲ့အမျက်ကို ရခဲ့တာကလွဲပြီး မမျှော်လင့်ထားတဲ့ လူတစ်ယောက်ကလည်း ပါဝင်ပက်သက်နေခဲ့တယ်။ အဲ့ဒါကတော့ ကျိန်းသေပေါက် အကြီးအကဲ လက်ထောက် ကျန်းယွမ်ပိုင်ရဲ့ တရားဝင်သမီး ကျန်းလီပဲဖြစ်တယ်။

လွန်ခဲ့တဲ့ ၈နှစ်တုန်းက ဒုတိယကျန်းသခင်မလေးက သူ့ရဲ့ မိထွေးကို လှေကားပေါ်က တွန်းချပြီး ကိုယ်ဝန်ပျက်ကျစေခဲ့တယ်။ ဒါကြောင့် ကျန်းယွမ်ပိုင်က သူမရဲ့ လုပ်ရပ်အတွက် အပြစ်ပေးတဲ့အနေနဲ့ သူတို့ရဲ့မိသားစုဘုရားကျောင်းမှာ စာရိတ္တပြုပြင်ဖို့ ​စေလွှတ်လိုက်တယ်။ အဲ့အချိန်က စပြီး သူက လူတိုင်းရဲ့ အမြင်ကနေ ပျောက်ကွယ် သွားခဲ့တယ်။ ဒီကျော်မကောင်း ကြားမကောင်း ကိစ္စကြီးပေါ်သွားတော့လည်း ကျန်းသခင်မလေးက အံ့ဩဖွယ်ပဲ ကျင်းအန်မိန်းကလေးရဲ့ ကျောင်းမှာ ရှိနေခဲ့တယ်။ ဘယ်လောက်တောင် ဗိုလ်ကျခြယ်လှယ်ပြီး ဖျက်လိုဖျက်ဆီး ရှိလိုက်သလဲ။

သူ့ကို ဘုရားကျောင်းကို ပို့လိုက်တာကကောင်းပါတယ်။ သီလရှင်ဝတ်ဖို့ တကယ်ကြီး သူ့ဆံပင်သူ ဖြတ်ပစ်လိုက်ရတာလဲ ကောင်းတဲ့အရာ ဖြစ်နေတုန်းဘဲ။ ဒါပေမဲ့ ဒီလိုညှို့ယူဖမ်းစားတတ်တဲ့ သီလရှင်မျိုး လက်ထဲပို့လိုက်တဲ့ ကျန်းယွမ်ပိုင်ရဲ့လုပ်ရပ်​တွေက သိပ်တော့မရိုးသားဘူး။

ချန်သယ်အရာရှိ လျူယွမ်ဖုန်းရဲ့ဇနီးဟာ ဆုတောင်းဝတ်ပြုဖို့ ဟယ်လင်ဘုရားကျောင်းကို သွားခဲ့တယ်။ သီလရှင်ခေါင်းဆောင် ကျင်းအန်ရဲ့ကျောင်းမှာ ဒီကျန်းသခင်မလေးကို တွေခဲ့တာ ဖြစ်တယ်။

အဲ့တုန်းက အတော်လေး ညဥ့်နက်နေပေမဲ့ ယုတ်မာတဲ့ ဆရာလေးက ကိစ္စတွေကို ခက်ခဲအောင် လုပ်နေခဲ့တယ်။ သူမကို ပင်မခန်းမဆောင်ကြီးရဲ့ ခေါင်မိုးပေါက်နေတဲ့နေရာမှာ ဒူးထောက်ဖို့ ပြောခဲ့တယ်။ လျူယွမ်ဖုန်းရဲ့မှတ်တမ်းတွေက ကောင်းကောင်း အစီအစဉ်တကျ ရှိနေသေးတယ်။ ကျန်းယွမ်ပိုင်ရဲ့ အဆက်အသွယ်တွေက အတော်များများရှိပြီး သူက နက်နက်နဲနဲကို ခြေကုပ်ယူထားတယ်။ သူ့အပေါ် အမှားသွားလုပ်ဖို့ကတော့ သိပ်မကောင်းဘူး။ လျူယွမ်ဖုန်းရဲ့ မှတ်တမ်းတွေထဲမှာတော့ နည်းနည်းလေးတောင် ကျန်းယွမ်ပိုင်ရဲ့အပြစ်လို့ မပြောခဲ့ဘူး။ အမှန်တော့ အဲ့ဒါနဲ့ပြောင်းပြန် ကျန်းလီက အမှားတွေ လုပ်ခဲ့ရင်တောင် ငယ်သေးလို့ပါလို့ ဆိုခဲ့တယ်။ ထပ်ပေါင်းအနေနဲ့ ကလေးက မသင်ယူရသေးလို့၊ မိဘတစ်ယောက် အနေနဲ့ ဘယ်လိုလုပ် သူ့ရဲ့သမီးလေးကို အကျင့်စာရိတ္တ ယိုယွင်းပျက်စီးနေတဲ့ နေရာကို အပ်နှံစေနိုင်မှာလဲပေါ့။ ဘာပဲဖြစ်ဖြစ် ဒီတစ်ယောက်ရဲ့ အကျင့်နဲ့အပြုအမူတွေကတော့ မေးခွန်းထုတ်စရာပဲ။ ကျန်းယွမ်ပိုင်ရဲ့ အနောက်ဘက်အိမ်တော်ရဲ့သခင်မ ကျီရှုးရန်ရဲ့ ပြုမူလုပ်ဆောင်ပုံတွေက အမေတစ်ယောက် အနေနဲ့ သိပ်ကို ပြင်းထန်လွန်းတယ်။ ကျီရှုးရန်ကို ကြည့်မယ်ဆို သူ့အဖေ ကျီယန်းလင်နဲ့ ကျီမိသားစုတွေနဲ့ အတူတူပဲ။ မှတ်တမ်းတွေက ရှင်းလင်းတယ်လို့ ထင်ရပေမဲ့ ကျန်းလီကို သီလရှင်ကျင်းအန်ဆီကို တမင်တကာ ကောင်းတဲ့ရည်ရွယ်ချက် မရှိဘဲ ပို့လိုက်တာက ကျီရှုးရန်ရဲ့ကိုယ်ရေးကိုယ်တာ အာဃာတတွေကြောင့် ဖြစ်ပြီး ကျင်းအန်ရဲ့လက်ကို သုံးကာ ကျန်းလီကို နှိပ်စက်ချင်လို့ဆိုတာကို တိုးတိုးတိတ်တိတ် ညွှန်ပြနေခဲ့တယ်။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းUnde poveștirile trăiesc. Descoperă acum