အပိုင်း(14)

Start from the beginning
                                    

လွတ်လပ်တယ်ဆိုပေမဲ့အပြည့်အဝတော့မဟု။ မောင်မရှိ လဲ ပန်းနုကရှိသေးသည်အခုတောင်  ပျင်းလို့ ဆိုပြီး ဆိုင်ထဲလာထိုင် နေလို့ပြောလို့ကို မပြီးနိူင်ပါ။ သူ့ပဲ ကြောက်နေရသည်။ ဒါပေမဲ့ ဗိုက်ထဲက ကလေးနဲ့ ကိုင်ပေါက်ရင်တော့ဘာမဆိုအကုန်လုပ်ပေးသည်။ အခုလဲ အကောင်အထည်တောင်မပေါ်သေးနဲ့ဗိုက်ထဲက ကလေးက ပျင်းလို့ဆိုတဲ့အကြောင်းပြချက်နဲ့ဆိုင်ထဲလာထိုင်ခွင့်ရတာဖြစ်သည်။ ကလေးလေး ကိုခုတုံးလူပ်မိလို့စိတ်ထဲကသာတောင်းပန်လိုက်ရသည်။

"ပန်ပန် ကလေ ပြောလို့မရဘူး ဒီမှာ ပစ္စည်း တွေနဲ့ကြပ်နေတာကို ဆင်းလာတယ်''

"အပေါ်မှာ တစ်ယောက်ထဲ ပျင်းလို့ပါဆို ပန်းနုကလဲ ငါငြိမ်ငြိမ်လေးထိူင်နေမယ်လေ ဟုပြီလား''

"အေး သဘော သဘော ဒါနဲ့ ငါနင့်ကိုပြောစရာရှိသေးတယ် ရွာထဲ မှာဒေါ်စိန်တိူ့သားအမိတွေ ပြန်ရောက်နေတယ်ဟ''

"ဟင်....'' သူပြောတော့ ပန် အံ့သြသွားသည်။.ဒေါ်စိန်တို့က ပန်နဲ့ ပြသနာတက်ပြီးထဲက မြို့ကို သူ့သမီးနဲ့အတူ လိုက်သွားတာ တနှစ်တောင် ကျော်နေပြီး အခုမှ ပြန်လာတာဆိုတော့ နည်းနည်းတော့စိတ်ထဲ တမျိူးဖြစ်သွားသည်။

"အေး ဟုတ်တယ် အာ့တာ နင်သတိထားဦးနော် ကိုသန်းဇော် ကြီးလဲ ပါတယ် ပြောတယ်ဟ ရွာကလယ်တွေကိုလာရောင်းတာတဲ့မြို့မှာပဲ အပြီးနေတော့မယ်​ပြောတယ်''

"ဟုလား ကောင်း ပါတယ်  ပြီးတော့ငါလဲအိမ်ထောင်ကျနေပြီပဲဟယ် အိမ်ထောင်ရှိတဲ့သူကိုတော့ ကိုသန်းဇော် ကမနှောင့်ယှက်လောက်ပါဘူး '' 

"အမလေး နင်က ဟိုတစ်ယောက် ကိုမေ့နေတာလား ''  ပန်းနုပြောတာကို ပန်သဘောပေါက်ပါသည်။.ဟိုဆရာမလေး ကိုပြောနေတာဖြစ်သည်။ ပန်က ပန်းနုကိုလဲပြောပြထားတော့သူကအကုန်သိနေတာဖြစ်သည်။ ဆရာမလေး မြင်ရင်အခုထိစကားကို အကောင်းမပြော။ ပန်ကတော့ သိပ်လဲစိတ်ထဲမထားတော့ပါ။ ကို့ယောကျာ်းကို  အပိုင်လိုချင်ပါတယ်လို့လာပြောတာကို ပန်စိတ်မဆိုးဘူးဆိုရင် လိမ်ရာကျမှာပေါ့။ ဒါပေမဲ့ မောင့်ကို ပန်ယုံသည်။.ပန့်ယုံပေးတာနဲ့တန်အောင်မောင်ကလဲ အာ့ဆရာမလေးနဲ့ခပ်ကင်းကင်းသာနေတော့သည်။

🌹🌹ပန်တော်မူ🌹🌹(Completed)Where stories live. Discover now