17

570 45 13
                                    

*The number you have dialed is not answering Please try again later*

ဂျိုရှုအာ အရေးပေါ်အစည်းအဝေးပြီးသွားကတည်းက တောက်လျှောက်ခေါ်ဆိုနေတဲ့ဖုန်းက ပြန်လည်ဖြေကြားခြင်းမရှိ။

အစည်းအဝေးက တစ်ဖက် company ကစာချုပ်ပြန်လည်ညှိနှိုင်းရေးလုပ်ဆောင်ချင်တဲ့အပေါ်ပြောတာတွေတောင် သူကြားတစ်ချက်မကြားတစ်ချက် စိတ်မဝင်စားပါ။ ဖုန်းခေါ်မယ့်အဝင် call ကိုစောင့်ရင်းနဲ့ပင် မတတ်သာလို့တတ်လိုက်ရတဲ့အစည်းအဝေးကို ခေါင်းတငြိမ့်"ဖြင့်အာရုံစိုက်ယောင်ဆောင်လိုက်သည်။

ယခုလည်း အိမ်အပြန်ကားလမ်းအထက် ဖြေကြားခြင်းမရှိတဲ့ အဝင်ခေါ်ဆိုမှုတွေကို ရှုအာ ဆက်တိုက်ခေါ်ဆိုနေမိသည်။ ဂျောင်ဟန်ကိုတစ်ယောက်တည်းပြန်နှင့်ခိုင်းလိုက်မိတာကြောင့် လမ်းမှာများတစ်ခုခုဖြစ်နေမလားဆိုတဲ့ စိုးရိမ်စိတ်ကပိုနေသည်။ တ တူ တူ မြည်နေသည်ကလွဲ၍ ပြန်လည်ဖြေကြားခြင်းမရှိတဲ့ဖုန်းကို ခေါ်ဆိုနေမိသည်မှာ အခေါက်ပေါင်းမည်မျှပင်ရှိမည်တောင် မသိတော့။

ဂျိုရှုအာ အိမ်ကိုပြန်ရောက်ရောက်ချင်း ကားထိုးရပ်ပြီး အိမ်ထဲတောက်လျှောက်ပတ်ရှာနေမိသည်။ နှုတ်မှလည်း ဂျောင်ဟန်နာ ဟု တတွတ်တွတ်ရေရွတ်လျက်။

"ဂျောင်ဟန်နာ~ ဂျောင်ဟန် ဘယ်မှာလဲ ပြန်ရောက်ပြီလား"

"ဂျောင်ဟန်နာ~ ကိုယ့်ကိုစိတ်ဆိုးနေတာလား"

ဂျိုရှုအာ အိမ်အောက်ထပ်ကနေတောက်လျှောက် ဂျောင်ဟန်ကိုလိုက်ရှာလာတာ အပေါ်ထပ်အိပ်ခန်းရောက်မှ ဂျောင်ဟန်ရဲ့ luggage မရှိတော့မှ ဂျောင်ဟန် တစ်နေရာရာကို ထွက်သွားသည်ဆိုတာကို ရိပ်မိသွားသည်။ ဖုန်းခေါ်ကာ အပြင်ထွက်လာရင်း ကားပေါ်ပြန်တက်လိုက်သည်။ ပြန်လည်ဖြေကြားခြင်းမရှိတဲ့ခေါ်ဆိုမှုကြောင့် ဂျိုရှုအာ message လှမ်းပို့ရင်း ဂျောင်ဟန် သွားနိုင်လောက်မည့် အနီးနားနေရာတွေကို ကားနဲ့ပတ်ရှာဖို့ဆုံးဖြတ်လိုက်သည်။

*ဂျောင်ဟန် ဘယ်မှာလဲ*

*ကိုယ့်ကိုစိတ်ပူအောင်မလုပ်နဲ့ ဟာနီ*

*ဖုန်းကိုင်ဦး ပြောစရာရှိတယ်*

*ကိုယ်တောင်းပန်ပါတယ် ဖုန်းကိုင်ပါနော်*

Circles Where stories live. Discover now