"လူတစ်ယောက်ကို သဘောကျတယ်ဆိုတာကကွာ အမြဲတမ်း စဥ်းစားနေတာမျိုး ...... အမြဲတမ်း တွေးမိနေတာမျိုး"

ဝမ့်ဖေးရဲ့ရှင်းပြနိုင်စွမ်းက မကောင်းနေချေ။ အတော်ကြာတဲ့အထိ ဆုတ်ဆိုင်းဆိုင်းနဲ့ တောင်စဥ်ရေမရပြောနေတာတောင် နားမလည်နိုင် ဖြစ်နေရကာ သူက ဆက်ပြီး -

"အတူတူ မရှိနေတဲ့အချိန်ဆိုရင် သူဘာလုပ်နေလဲ ထမင်းစားပြီးပြီလား ပျော်ရောပျော်နေရဲ့လား ဆိုတာတွေပဲ အမြဲစဥ်းစားနေတာ ......"

"လခွမ်း"

ဒီအဖြေကို ပျန်းနမ် သိပ်အလိုမကျရာ -

"မင်းပြောတဲ့အတိုင်းဆိုရင် ငါကြိုက်နေတာက အာ့ပေါင်ဖြစ်နေပြီ"

"ဟ အဲဒါ မတူဘူးလေ"

ဝမ့်ဖေး ခေါင်းကုတ်လိုက်ပြီး -

"အာ့ပေါင်ကိုက ကလေးချစ်တဲ့စိတ်နဲ့။ ငါပြောတဲ့ဟာကျတော့ ဘာကိစ္စပဲရှိရှိ သူ့ကို ချက်ချင်း တန်းသတိရတာမျိုး။ ကျောင်းပိတ်တာနဲ့ သူနဲ့အတူတူ အချိန်ဖြုန်းချင်တာမျိုး။ ခရီးထွက်နေတဲ့ဒီရက်ပိုင်းတွေဆို ငါလည်း သူ့ကိုပဲ သတိရနေတာ။ ဖုန်းလေးဆက်ပြီး သူ့အသံလေး နားထောင်ချင်တာမျိုးတို့ ဘာတို့ ......"

"ငါ ကျောင်းပိတ်တာနဲ့ ပထမဆုံး သတိရတာက မင်းကို။ မင်းတို့အိမ်မှာပဲ ထမင်းကုန်းဆင်း ခုတင်ကုန်းဆင်းရမှာဆိုတော့"

ဝမ့်ဖေးရဲ့ရှင်းပြချက်က ပြောလေ ပိုရှုပ်လေဖြစ်လာသည်ဟု ပျန်းနမ် ခံစားလာရသည်။

"ငါလူး။ ဒါဆို ငါမရှိဘူးဆိုရင်ရော"

ဝမ့်ဖေးမှာ မဟန်နိုင်လောက်အောင်ဖြစ်သွားရသည်။

"...... ချိုးယိ"

ပျန်းနမ် မျက်မှောင်ကြုတ်လိုက်ပြီး -

"အဲဒါက တခြားလူတွေ ဘယ်သူမှ မအားကြလို့လေ။ ငါ ဂိမ်းလည်း သွားမဆော့ချင်လို့ ...... သူ့အိမ်မှာပဲ နေနေရင် ပိုအဆင်ပြေလို့"

"ဒါဆို အရင်က ချိုးယိ မရှိတုန်းကရော"

ဝမ့်ဖေးက ဆက်မေးသည်။

ပျန်းနမ် ပါးစပ်ဟလိုက်ပြီး စကားတော့ ဘာမှ မပြောဖြစ်ချေ။

《Wolf pair》- ဘာသာပြန်Where stories live. Discover now