AHSASMW Chapter 1 System Awakening

4.5K 19 2
                                    

All Heaven's Sons are Surrounding my Wife
(ငါ့ရဲ့တစ်ဦးတည်းသော ချစ်ဇနီးက ကောင်းကင်သားတော်တွေရဲ့ အသည်းစွဲ)

Genre : Xianxia, Martial Arts, System, Reverse Harem, Cuckold

ဟန်လင်းသည် ဤကမ္ဘာတွင် ဓာတ်လိုက်သေသွားပြီး ကျင့်ကြံသူတို့ရဲ့ ကမ္ဘာကိုရောက်သွားခဲ့သည်။
နှစ် ၁၀၀ ကြာပြီးနောက် ကမ္ဘာကြီးရဲ့ထိပ်ဆုံးကိုရောက်ရှိခဲ့ပြီး အလွန်ချောမောလှပသော လက်တွဲဖော်တစ်ယောက်လည်းရရှိခဲ့သည်။

သူ ခြေလှမ်းတစ်၀က်အမတအဆင့်မှ ထိုးဖောက်ကာ အမတဖြစ်လာတော့မည့် အချိန်တွင် တပည့်လက်ခံရသော စနစ်ကိုနှစ်ယောက်လုံး ရရှိခဲ့သည်။
သို့သော် စနစ်က သူ့ကို လက်ခံခိုင်းသော တပည့်များသည် ချောမောသော ကောင်းကင်သားတော်များသာဖြစ်ပြီး ကောင်းကင်သမီးတော်များမပါ၀င်ခဲ့ပေ။
ထို့အပြင် စနစ်သည်ပါ တစ်စုံတစ်ခုမှားယွင်းသည့် bug တစ်ခုပါနေခဲ့ရာတွင်...။

အပိုင်း ၁ စနစ်နိုးထခြင်းနှင့်ကွဲလွဲမှု

နှင်းတိမ်တိုက်ကမ္ဘာ၏
အလယ်ပိုင်းကုန်းမြေကြီး၊
ဓားအိမ်မက်ဂိုဏ်း၏ တားမြစ်နယ်မြေတွင်

အသက် နှစ်ဆယ်အရွယ်ခန့် သာမန်ရုပ်ရည်ရှိသော လူငယ်တစ်ဦးသည် ဝါးအိမ်လေးတစ်ခုထဲတွင် ထိုင်ကာရေနွေးကြမ်းသောက်ရင်း သူ့အရှေ့သို့ ကြည့်ရင်း တွေးတောနေသည်။

သူ၏ နာမည်မှာ ဟန်လင်းဖြစ်သည်။
ဟန်လင်းသည် ဤကမ္ဘာမှ မဟုတ်ပေ။
သူသည် ကမ္ဘာမြေမှဓာတ်လိုက်ကာ သေဆုံးပြီးရောက်လာသူ တစ်ဦးဖြစ်သည်။
ယခု နှစ် ၁၀၀ အကြာတွင် သူသည် ဤကမ္ဘာ၏ ထိပ်ဆုံးတွင်ရပ်တည်နိုင်နေပြီဖြစ်သလို သူ့တွင် ချစ်ရသော ဇနီးတစ်ယောက်လည်း ရှိနေပြီဖြစ်သည်။

ဟန်လင်းလည်း သူ့အရှေ့ရှိ
'ဦးထုပ်စိမ်းစနစ် ချိတ်ဆက်ပြီးပါပြီ
လူသစ်လက်ဆောင်များအား ယခုဖောက်ပါမည်လား' ဟူသော
စကားစုအား စူးစိုက်ကြည့်နေမိသည်။
'ဟမ် ဆိုတော့ ငါ့ရွှေလက်ချောင်းက အခုမှ ရောက်တာပေါ့။ ဒါပေမယ့် နာမည်ကြီးကဘာလို့ တစ်မျိုးဖြစ်နေတာလဲ'
တွေးရင်းမှ စနစ်အားပြောလိုက်သည်။
"ဖောက်လိုက်ပါ"

'ဒင် လူသစ်လက်ဆောင်အနေဖြင့်
ပထမဆု - Divine Wife
သင့်ဇနီး၏ အလှအပစံနှုန်းအား အဆင့်နှစ်ခုမြှင့်တင်ပေးသွားမည်ဖြစ်ပါသည်။
(ယခု ပိုင်ရှင်တွင် ဇနီးတစ်ယောက်သာရှိပါသည်။ သင်၏ သစ္စာတရားအားလေးစားသဖြင့် သင်၏ ဇနီးအား နတ်ဘုံမှ နတ်ဘုရားမများပင် မယှဉ်နိုင်တဲ့အထိ အမြင့်ဆုံးထိ မြှင့်တင်ပေးလိုက်ပါသည်။)

All Heaven's Sons are Surrounding my WifeWhere stories live. Discover now