"မင်းက ဘာအမှားလုပ်လို့ တောင်းပန်‌နေရတာလဲ ဝီလျှံရှိန်း ငါနေမကောင်းတာ မင်းလုပ်တာမှ မဟုတ်တာ"

"နေမကောင်းဖြစ်တဲ့အချစ်ကို တစ်ယောက်ထဲထားခဲ့တာ‌ ကိုယ့်အမှားလေအချစ်"

"ငါက ယောင်္ကျားလေးတစ်ယောက်နော် ဝီလျှံရှိန်း"

"အချစ်က ဘာဆိုတာ ကိုယ်သိတယ်အချစ် ကိုယ့်ကို ဖတ်ထားပေးနိုင်ပါမလားအချစ်"

"အွန်း"

စိုင်းစဝ် ဝီလျှံရှိန်းအား တင်းကြပ်စွာ ဖတ်ထားလိုက်သည်။ အချိန်အတော်ကြာသည်အထိ ဖတ်ထားလိုက်သည်။ စိုင်းစဝ် ဝီလျှံရှိန်း၏ မျက်နှာကို ကိုင်လိုက်ကာ

"မင်းဒဏ်ရာတွေက ဘယ်လိုရလာတာလဲ ငါမကြိုက်ဘူးလို့ပြောထားတယ်လေ"

"ကိုယ်တောင်းပန်ပါတယ်အချစ် ကိုယ့်ဒယ်ဒီနဲ့ စကားနည်းနည်းများခဲ့လို့ပါ"

"ဘာဘဲဖြစ်ဖြစ်နေ ကြည့်အုံး မင်းရဲ့ လက်မှာတွေကော ဝီလျှံရှိန်း ငါမင်းကို ဒေါသထွက်လာပြီနော် ဘာဖြစ်လို့ ကိုယ့်အသားကို နာအောင်လုပ်ရတာလဲ"

စိုင်းစဝ် ဝီလျှံရှိန်းအား ‌အော်ပြောနေသာ်လည်း ဒဏ်ရာတွေမှာ ကိုယ့်ကြောင့် ဖြစ်လာသည်ဆိုသည်ကို သိ၍ ပို၍ ဝမ်းနည်းမိသည်။ ဝီလျှံရှိန်းကို ပြောနေသည့်အချိန်မှာပင် မျက်ရည်တို့က စီးကျလာသည်။

"အချစ် မငိုပါနဲ့ ကိုယ့်ကြောင့် မငိုပါနဲ့အချစ်ရယ် ကိုယ်နောက်ခါ အချစ်မကြိုက်တာ ဘယ်တော့မှ မလုပ်တော့ဘူးနော် "

"ငါက မင်းကို အရမ်းချစ်တာမို့ မင်းကိုယ်မင်းဒဏ်ရာရအောင် မလုပ်စမ်းပါနဲ့ ဝီလျှံရှိန်း"

"အချစ်.... အချစ်ကိုယ့်ကို"

ဝီလျှံရှိန်း အချစ်ထံမှ  ယခုလို စကားကြားရမည်ဟု မထင်ထားပါ။

"ငါမင်းကို အရမ်းချစ်တာ မင်းသိတယ်မလား"

"ကိုယ်သိပါတယ်အချစ် ကိုယ်သိပါတယ်"

"မင်းက ငါ့ကြောင့်နဲ့ ဒုက္ခတွေ များနေရပြီ"

"အချစ်ဘာလို့အဲ့လိုပြောတာလဲ ကိုယ့်မှာ အချစ်ရှိရင် ရပြီ အချစ်က ကိုယ့်အတွက် ဒုက္ခမဟုတ်ပါဘူး "

Find Love Because Of you (Complete)Where stories live. Discover now