အပိုင်း(9)

Start from the beginning
                                    

" မလိုပါဘူး ပန်ပန်ရာ နင်တို့ငါတို့ကပြောစရာလားဟ မပေးနဲ့နော် မဟုရင်ငါ နောက်မလုပ်ပေးတော့ဘူး ''

"မောင်လဲ ပြောပြီးပြီပန်ရေ အာ့လို ပြောလို့ထပ်မပြောတော့တာ ''    မောင်ကပါဝင်ပြောတော့ ပန်လဲ.ထပ်မပြောတော့ပါ ဒါပေမဲ့ အရီးလေးကို သွားကန်တော့ဖို့တော့စိတ်ကူးထားသည် နောက်မှ မောင်နဲ့တိုင်ပင်ရဦးမည်။

" ကဲ တည်ကြည်ရေ ငါပြန်ပြီ အမေထမင်းစားဖို့မျှော်နေလောက်ပြီ''    ကိုသန့်စင်ကပြောပြီးပြန်လေသည်။ပန်ကလဲ မောင်ပေးထားတဲ့ ပိုက်ဆံကို အခန်းထဲကဗီရိုထဲဝင်ထားလိုက်သည်မောင်ကတော့ရေနွေးသောက်လျက်အမောဖြေနေသည်။ ပန်အခန်းထဲကပြန်ထွက်လာတော့ ထမင်းစားဖိူ့ ပြင်လိုက်ပြီးမောင့်ကိုလှမ်းခေါ်လိုက်သည်

" မောင် ရေ ထမင်းစား ကြမယ်လေ ''   ပန်ပြောတော့ မောင်က လက်ပါတခါဆေးပြီး ထမင်းပွဲကိုဝင်ထိုင်ပြီးဟင်းတွေကိုကြည့်လျက်ပြောသည်။

" ဟာ.ဒီနေ့တော့ ထမင်းမြိန်တော့မယ် ဟေ့ ပြောင်းဖူးစားချင်နေတာနဲ့အတော်ပဲ  မောင့်မိန်းမ ကအလိုက်သိတယ်ကွာ ''  မောင်ကအာ့လိုပြောတော့ပန်လဲ မောင့်ပန်းကန်ထဲ ပြောင်းဖူးသနပ်အရင်ထည့်ပေးရင်း

" မောင်စားချင်မှန်းသိလို့ မနေ့ထဲက ခြံထဲသွားမှာထားတာ ခုမနက်လာပို့ပေးတော့ တခါထဲချက်လိုက်တာ လတ်လတ်ဆတ်ဆတ်ဆိူတော့ချိူတယ်လေ ''

" အာ့တာကြောင့် မောင့်မိန်းမကို မောင်ကချစ်တာ ''  စားသောက်ပြီးတော့ မောင်က အိမ်ရှေ့ထွက်ထိုင်နေသည် ပန်လဲ သိမ်းဆည်းပြီးတော့မောင့်နောက်လိုက်ခဲ့သည်။ အရီးလေးကို ကန်တော့ဖို့ တိုင်ပင်ရဦးမည်မလား။

" မောင်..''  ပန်ခေါ်တော့ မောင် ကလှည့်ကြည့်ရင်းထူးလေသည်။

" ဗျာ... ပန်ဘာပြောမလိူ့လဲ''ပန်လဲမောင့်အနားဝင်ထိုင်ရင်း

" ပန်တိုင်ပင်စရာရှိလို့မောင့်ကို ''

" ဟောထူးထူးဆန်းဆန်းပါလား ပြောပါဦး ဘာတိုင်ပင်မလို့တုန်းမောင့် ကလေးလေး ''

"ဟိုလေ စပါးရောင်းရတဲ့ပိုက်ဆံထဲက အရီးလေးကို ကန်တော့ ချင်လို့ အာ့တာမောင့်ဆီကို ခွင့်တောင်းတာ  မောင်ခွင့်ပြုမှပါ မောင် ခွင့်မပြုရင် ''   ပန်စကားတောင်မဆုံးသေး မောင်ဖြတ်ပြောလေသည်။

🌹🌹ပန်တော်မူ🌹🌹(Completed)Where stories live. Discover now