" ရူးနေတာလား သူတို့က လုမယ်ပြောလည်း ကိုယ်ကမင်းကလွဲပြီး ဘယ်သူ့မှ မချစ်တာမသိဘူးလား "

" မောင်သိပါတယ် သိပေမဲ့ ဘေဘီ့အပေါ် သူတို့ စကားနဲ့တောင် ပြစ်မှားတာ မောင် မကြိုက်ဘူး "

ဘေဘီ မျက်နှာချင်းဆိုင်မှာ မြင်နေရတဲ့ မောင့်မျက်နှာကလေးကို လက်ကလေးနဲ့ ခပ်ဖွဖွလေး ထိကာ ခေါင်းငြိမ့်ပြလိုက်တယ် ။

ကြီးမြတ်ကုဋေချီ သူ့ကို သိပ်ချစ်တာ သူသိပါသည် ။ သူကရော သူလည်းပဲ မောင့်ကို သိပ်ချစ်တာပဲလေ။

" လာပါဦး မောင့်ဆီ "

" ကိုယ်က "

" အင်း "

" မင်းတစ်ခုခုဖြစ်ရင် ကိုယ်ပါ သေပစ်လိုက်မှာမို့ "

" ဘုန်းဘေဘီ !!! ခင်ဗျား "

" အဲ့ဒါကြောင့် ကိုယ်မသိဘဲ မင်းက ဘာမှမဖြစ်လိုက်ပါနဲ့ လီယို ဟင့် "

" ဘေဘီရာ "

လမ်းတစ်လျှောက်လုံး ထိန်းချုပ်ထားခဲ့ရသမျှ မျက်ရည်များသည် မောင့်ရှေ့တွင်တော့ အထိန်းအကွပ်မဲ့စွာ စီးကျလာလေပြီ ။

တစ်ကယ်ကို မောင် မရှိဘဲ တစ်စက္ကန့်လေးတောင်မှ ဒီလောကကြီးထဲ သူမရှင်သန်နိုင်ပါ ။

သူ့အသက်ထက်တောင် ပိုပြီးတန်ဖိုးထားရတဲ့ အကြောင်းကို မောင့်အား သိစေချင်ပါသည် ။

ဒီရက်ပိုင်း အိပ်မက်တွေမှာလည်း မောင့် ကျောပြင် မှုန်ဝါးဝါးကိုသာ သူအမြဲတမ်း မက်နေမိတာ ။

သူ့ဘဝထဲကနေ သူ့ကလေးလေး ပျောက်ကွယ်သွားမှာ သိပ်ကြောက်ပါတယ် ။

" ဘုန်းဘေဘီ မောင့်ကို ကြည့်ပါဦး "

" မောင် အရမ်း နာနေလားဟင် ကိုယ် အပိုစကားတွေ အများကြီး ပြောမိသွားတယ် ထင်တယ် "

" ဟင့်အင်း မောင် ကတိပေးပါတယ် နောက်တစ်ခါ ဘေဘီ စိတ်ပူရမဲ့ ကိစ္စတွေ မောင် လုံးဝမလုပ်တော့ဘူးနော် "

" အင်းပါ "

" ဘေဘီ စိတ်မကောင်းမဖြစ်နဲ့တော့နော် "

" မောင် အမြန်ကျန်းမာလာမှ စိတ်မကောင်း က မဖြစ်တော့မှာ "

သူ့စကားကြောင့် မောင်က ပြုံးရယ်လာသည့်အခါတွင်တော့ ပါးချိုင့်လေးနှစ်ဖက် ကထင်းခနဲဖြစ်သွားတာလေး မြင်ပြီး ဘုန်းဘေဘီပါ ပြုံးလိုက်မိသည် ။

You've reached the end of published parts.

⏰ Last updated: Apr 08 ⏰

Add this story to your Library to get notified about new parts!

Baby of the billionaireWhere stories live. Discover now