Episode-17

103K 8.7K 1.3K
                                    

Unicode

ကြီးမြတ်ကုဋေချီ Crore Empire ၏ ရုံးခွဲ တစ်ခုသို့  ခဏသွားပြီး ပြန်လာတော့ မိုးတောင် ချုပ်နေလေပြီ ။

အဝတ်စားတွေအကုန်ချွတ်ကာ  ဒူးအထက်ဘောင်းဘီတိုအနက်တစ်ထည်သာ ဝတ်ထားလိုက်တယ်။

" သုံးနာရီလောက် ကြာသွားတာ ပဲ ဘုန်းဘေဘီ  ဗိုက်ဆာနေပြီလား မသိဘူး "

ဘုန်းဘေဘီ နိုးနှင့်လောက်ပြီ ထင်၍ အခန်းထဲ ဝင်ကြည့်ရာထင်သည့်အတိုင်းပင်နိုးနေလေသည်။

" ခင်ဗျား ဗိုက်ဆာနေပြီလား ဘုန်းဘေဘီ  "

ခွပ် !

" ဘုန်းဘေဘီ ခင်ဗျား ! ! !  "

ရုတ်တရက်ကြီး ဆွဲထိုးလာ၍ ကြီးမြတ်ကုဋေချီ ရှောင်ရန်လည်း အချိန်မရလိုက်။

" မခေါ်နဲ့ မင်းက လူယုတ်မာကောင် "

" ဘာကိုလဲ ခင်ဗျား ဘာတွေပြောနေတာလဲ ဘုန်းဘေဘီ "

လက်ထဲက ဖုန်းကို ထောင်ပြကာ ဘုန်းဘေဘီ ခုနကစကားပြောထားတဲ့ record ကို ဖွင့်ပြလိုက်သည် ။

" ကိုယ် မင်း ဆိုးတာ သွမ်းတာ နားလည်တယ် ကြီးမြတ်ကုဋေချီ ဒါပေမဲ့ လူတစ်ယောက် ရဲ့ အသက်အန္တရာယ်ကို မင်းထိခိုက်လာတာတော့ယုတ်မာတာဖြစ်သွားပြီ "

" ခင်ဗျား က ဦးရှေးအာဏာစက်ကို ထိလို့နာနေတာလား ဘုန်းဘေဘီ   !!!  "

ဟိုအဘိုးကြီးကြောင့်နဲ့ ဘုန်းဘေဘီက သူ့ကို တောင် ပြန်ထိုးတယ်ပေါ့ ။

" ဟုတ်တယ် ဘာဖြစ်လဲ နာတယ် မင်းက လူယုတ်မာ ကြီးမြတ်ကုဋေချီ ကိုယ် မင်းကို ရွံလိုက်တာ အပြစ်မရှိတဲ့ လူတစ်ယောက် ကို မင်းဒီလိုလုပ်ရက်တယ်နော် "

" လီးကို ရွံ ဘာဖြစ်လဲ ကျုပ်လုပ်တယ် ဒီထပ်ပိုဆိုးတာတွေလည်း လုပ်ပြဦးမှာ ဘုန်းဘေဘီ "

ဒေါသက ထိန်းမရအောင် ထွက်လာ၍ Leo အံကိုတင်းတင်းကြိတ်ထားမိသည် ။

လက်ကအကြောတွေပါ တင်းလာတာမို့ ဒီထပ်ပိုပြီး ဒေါသထွက်ရင် သူစိတ်ကို ထိန်းချုပ်ထားနိုင်မှာ မဟုတ်တော့ ဘူး ။

" ကြီးမြတ်ကုဋေချီ အဲ့လိုမှန်း သိရင် ကိုယ်မင်းနဲ့ ရန်ကုန် လိုက်မလာဘူး မင်းတော်ပါတယ် ကိုယ်ဒီကိုလိုက်လာတုန်း မင်းက ဦးစက်ကို ဒုက္ခပေးတာပဲ ။ "

Baby of the billionaireWhere stories live. Discover now