Episode-29

104K 8.3K 2K
                                    

Unicode

ဖွေးရဲ့ လက်ကလေးတစ်ဖက်လှုပ်လာတာ
ကြောင့်  ဘုန်းဘေဘီ ပန်းသီးခွဲနေတာကိုရပ်ပြီးကုတင်ဘေးနားမှာသွားထိုင်လိုက်တယ်။

" သတိရလာပြီလား ဖွေး ။ သက်သာရဲ့လား  "

မမြင်ချင်တဲ့ သူကို အရင်မြင်လိုက်ရတာမို့ နန်းမဟာဖွေး ဒေါသတွေက ပိုပြီး ထွက်လာသည်။

" ကုဋေ ဘယ်သွားတာလဲ ဘုန်းဘေဘီ ။ အာ့ "

" ဖြည်းဖြည်း ကျွန်တော် ထူပေးမယ် ဖွေး "

" မထိနဲ့ ငါ့အသား "

သူ့ကို ထူပေးဖို့ ကမ်းလာတဲ့ ဘုန်းဘေဘီလက်ကို ဖွေး ပုတ်ချကာ ကိုယ့်ဘာသာကိုယ် ထထိုင်လိုက်တယ် ။

" ဘာဖြစ်လို့လဲ ဟင် ဖွေး ဘာလို့ ဒေါသအဲ့လောက်ထွက်နေရတာလဲ "

သူလည်း ဘာမှ မလုပ်ဘဲနဲ့ ဖွေးက ဘာဖြစ်လို့ သူ့ကို  ဒီလောက်တောင် ခါးခါးသီးသီး ဖြစ်နေမှန်းမသိ။

" ကုဋေ ဘယ်သွားလဲလို့ နင့်ကို မေးနေတယ် လေ နားလေးနေတာလား ပိုင်းလုံးကောင်ရဲ့ "

" နန်းမဟာဖွေး  !!!   စကားအပြောအဆို နည်းနည်း တော့ ဆင်ခြင်သင့်တယ် မထင်ဘူးလား  "

ပိုင်းလုံး ကောင်ဆိုတဲ့ စကားကြောင့် ဘုန်းဘေဘီ ပြန်အော်ပြစ်လိုက်သည် ။ ကြာလာတော့လည်း ဘုန်းဘေဘီ တစ်ကယ်ကို  စိတ်ပျက်လာပြီ ။

" ပိုင်းလုံး မဟုတ်လို့ ဘာလဲ ငါ့သတို့သားလောင်းကို နင်က မြူဆွယ်ပြီး အပိုင်ဖမ်းသွားတာလေ ဘုန်းဘေဘီ ။ နင်က အောက်တန်းစား ကောင်သာသာပဲ ပိုင်းလုံးကောင်ရဲ့  "

ဖွေး ပြောတာတွေ နားထောင်ပြီး ဘုန်းဘေဘီ စိတ်မဆိုးမိ ရယ်ပဲရယ်ချင်လာတယ် ။

ဒီကလေးမက လူတစ်ဖက်သားကို အနိုင်ယူဖို့ စကားလုံး ကြမ်းကြမ်းတွေလည်း ပြောတတ်တာပဲ ။

" ကျွန်တော်က ဖွေးကို အရွယ်ရောက်ပြီး ရင့်ကျက်ပြီထင်နေတာ ဖွေး က တစ်ကယ်တော့ 
မရင့်ကျက်သေးဘူးပဲ "

အခွံနွှာလက်စ ပန်းသီး ကို ယူကာ ဘုန်းဘေဘီ ဆက်နွှာနေရင်းနဲ့  ပြောတော့ ဖွေးက သူ့လက်ကို လှမ်းဆွဲလာသည်။

Baby of the billionaireWhere stories live. Discover now