Unicode
" ကိုကို !!! "
လီယို ရင်ခွင်ထဲက ခန္ဓာကိုယ် သေးသေးလေးကို ဆွဲထုတ်ကာကြည့်ဖို့ပြင်လိုက်သော်လည်း ကိုကိုကသူ့ခါးကိုအလွတ်မပေးဘဲဖက်ထားဆဲ ။
" ကိုယ်ကြောက်နေခဲ့တာ မောင် ။ မောင် ပြန်လာတဲ့အချိန်အထိ ကိုယ်တောင့်ခံမထားနိုင်တော့မှာကို "
မောင် တဲ့ အဟက် ။ သူ့ကို မောင် တဲ့ ဘုန်းဘေဘီ က သူ့ကို မောင် လို့ ခေါ်တယ် ။
ပြုံးချင်နေသော စိတ်ကိုအသာထိန်းကာ ကိုကို့ကို တင်းတင်းလေးပြန်ဖက်ထားပေးလိုက်သည်။
" မောင် ဘာလို့ ကြာနေတာလဲ ဟင် "
သူစိတ်ဆိုးမှာလည်း ကြောက်တာမို့ နောက်ဆုံးက ဟင်ဆိုပြီးထည့်ပြောတာလေးကိုလည်း လီယိုအသည်းယားလွန်းသည်။
" တောင်းပန်ပါတယ် ကိုကို ။ တစ်ကယ်ဆို မနန်းမဟာဖွေးကို လိုက်မပို့ဘဲနေလိုက်ရမှာ "
" မဟုတ်တာ ကိုယ်နားလည်ပါတယ် ။ ကိုယ်လည်း တော်တော် လန့်သွားလို့ပါ ။ ပြီးတော့ ကိုယ် ဘာမှမဖြစ်ဘူး နော် ခြေထောက်ကနည်းနည်းဒဏ်ရာရသွားရုံပဲ "
လက်လေးကိုရှေ့က တကာကာ ဖြင့် ပြောနေပြန်သည့် ဘုန်းဘေဘီ က ဒီလို အမူအယာမျိုးကိုသူလုပ်ရင် လီယိုစိတ်တွေပိုဆိုးပြီး ကြမ်းပြစ်လာချင်သည်ကိုသိပုံမပေါ်။
" ဘယ်လိုခေါ်လိုက်တာလဲ "
" အမ် "
နားမလည်သလို ပြန်ကြည့်လာသည့် ကိုကို့
ကြောင့် လီယို မရတော့ ဆွဲပွေ့ကာ သူတို့အခန်းထဲ ချီလာလိုက်သည်။" ကိုကို "
မျက်လုံးကြီး အတင်းမှိတ်ထားကာ တုန်ရီနေ
သည့် ကိုကို့ ကြောင့် လီယို မွေ့ယာပေါ်မချပေးသေးဘဲ ရင်ခွင်ထဲမှာ ပဲ ခေတ္တ ပွေ့ထားလိုက်တယ်။" ကိုကို မျက်လုံး ဖွင့်ပါ ။ ဘာလို့ အတင်းကြီး မှိတ်ထားတာလဲ "
" စိတ်မဆိုးပါနဲ့နော် ကိုယ် မင်းမကြိုက်ရင် မခေါ်ပါဘူး ။ ကိုယ် သိပါတယ် ကိုယ့်အသက်အရွယ်နဲ့ မင်းကို ဒီလိုမခေါ်သင့်မှန်း "

YOU ARE READING
Baby of the billionaire
RomanceIt is not written in English, this is fiction written in Burmese.