အပိုင်း(6)

Começar do início
                                    

" ခွပ်..လူယုတ်မာ..ခွပ်   အယုတ်တမာကောင် မင်းမှာနှမ မရှိလို့လား ''  ကျွန်တော် ပါးစပ်ကလဲ ပြောရင်းလက်ကလဲ ထိုးရင်းပဲ ကျွန်တော့်မျက်စိထဲ ဘာမမြင်တော့ဘူး ခုနက ပန်ရဲ့ ရုန်းကန်နေတဲ့ပုံရိပ်လေးကိုပဲ ပြန်မြင်ပြီးတော့ အာ့အကောင် ကိုပဲပိုထိူးမိတယ်

ပန်ပန်  ပထမ ရုန်းကန်နေရင်းနဲ့ကိုသန်းဇော်ကိုဆွဲထိုးလိုက်မှ လွတ်တော့တယ် ဘယ်သူ ဆွဲထိုးမှန်းမသိပေမဲ့ ပန် အခုထိအလန့်မ​ေပြသေးတော့ ကြည့်လဲ မကြည့်မိဘူး ခနကြာကြည့်မိမှ မောင် ဖြစ်နေတာ မောင်ရယ်လေ ပြောလိုက်ထိူးလိုက်နဲ့ အောက်ကကို သန်းဇော်မျက်နှာမှာသွေးတွေရဲနေပြီ မဖြစ်ဘူး ပန်မတားရင်ကြာရင်မောင်ဒုက္ခ ရောက်တော့မယ်

" ကိုခန့်  တော်တော့နော် မထိုးနဲ့တော့ '' ပန်အတင်းဆွဲနေပေမဲ့  မောင့်ကိုတားမရပူး တဖြည်းဖြည်း နဲ့ကိုသန်းဇော်က လူရုပ်မပေါက်တော့ပူး အာ့တာကြောင့် ပန်လဲ အသံကို့မြှင့်ပြီးခေါ်မိတယ်

" မောင်.......''    ပန် ခေါ်လိုက်တာ အလုပ်ဖြစ်ပါတယ် မောင်က ပန့်ကိုလှည့်ကြည့်ပြီး ပန်ဆီပြေးလာတယ် ပြီးတော့ သူ့ရဲ့ထပ်ဝတ်ထားတဲ့အကျီလေးကိုဝတ်ပေးပြီးတတွတ်တွတ်တောင်းပန်တော့တယ်

" ကို တောင်းပန်ပါတယ်  ပန်ရယ် ကိုကြောင့်ပါ ကိုသာနောက်ကျနေရင်.. ဟာကွာ..''
မောင်က တောင်းပန်နေရင်းနဲ့ သူ့ကိုသူ အားမရတွေဖြစ်နေလို့ မောင့်မျက်နှာကို သေချာလက်နှစ်ဖက်နဲ့ကိုင်ပြီး

" မောင့် ကြောင့်မဟုပါဘူး မောင်ရဲ့ ခုလဲ ပန်ဘာမဖြစ်ပူးလေ နော်  စိတ်ကိူလျှော့နော် ''
ပန်အာ့လိုပြောမှပဲ မောင်က စိတ်ကိုလျှော့ချလိုက်တယ် ခနနေတော့သူကြီးနဲ့ အရီးနုတို့ရောက်လာကြတယ် အာ့တာနဲ့ သူကြီး က အကုန်သူ့အိမ်လိုက်ဖို့ပြောလို့ ပန်တိူ့လိုက်သွားကြတယ် မောင် က လေ ပန့်လက်ကိုလုံးဝကိုမလွှတ်တာ ပန်းနုကလဲပန့် အနားက နေလိုက်လာတယ် သူကြီး အိမ်ရောက်တော့

" ကဲ သမီး ပန်ပန် ဘယ်လိုဖြစ်တာလဲ ဦးလေးကိုပြောပြ ''  သူကြီး ကမေးတော့ပန်ဖြေမယ်အလုပ် အရီးလေး စိန်က အရင်ဦး အောင်ဝင်ပြောတယ်

🌹🌹ပန်တော်မူ🌹🌹(Completed)Onde histórias criam vida. Descubra agora