အပိုင်း(5)

Bắt đầu từ đầu
                                    

" ဒီမှာ လေ ကို မောင့်အတွက် ဟင်းလာပို့ပေးတာ.ငါကိုယ်တိူင်ချက်ထားတာလေ ''

" အမလေး အေ ကျုပ်တို့က ကိုကြီး ကိုအငတ်ထားနေတာမဟုပါဘူး ညည်းမပို့ပေးလဲရတယ် ဒါနဲ့  နေပါဦး နင်က ကိုယ်တိုင်ချက်လာတယ်ဆိုတော့ဘယ်တူန်းက ဟင်းချက်တတ်သွားတာလဲ ငါတော့တခါမကြားဖူးဘူးနင်ဟင်းချက်တတ်တယ်ဆိုတာကို''

ပန်းနုလဲပြောလိုက်ရေ သက်ထားမျက်နှာပျက်သွားတယ် ဒါပေမဲ့ ခနပါပဲ

" အရင်ကမချက်တတ်ပေမဲ့အခုသင်ထားတာလေ ဘာဖြစ်လို့လဲ ''

" ဘာမဖြစ်ပါဘူး တော်ကြာငါ့အကို အရသာမရှိတဲ့ဟင်းတွေစားနေရမှာစိုးလို့ပါ '' ပန်းနုလဲအာ့လိုပြောလိုက်ရောသက်ထားမျက်နှာကြီးက နီရဲလာတာ ကြည့်ရတောင်ဆိူးတယ်

" သြော် ပြီးတော့ ရှိသေးတယ် နင်လာပို့တဲ့ဟင်းတွေကလေ အကို မစားရပူး ငါစားရတာသိလား အရီးလေး ကိုပြောလိုက်ပါအရသာရှိပြီးအရမ်းကောင်းတယ်လို့လေ ''   ပန်းနုက အေးအေးဆေးဆေးလက်ပိုက်ပြီးဟန်မပျက်ပြောနေပေမဲ့ သက်ထားမျက်နှာ​ တဖြည်းဖြည်း မဲလာပြီ ကျွန်တော် လဲဘာဆက်လုပ်ရမှန်းကိုမသိတာ အမှန်တိုင်းပြောရရင်နည်းနည်းတော့ကျေနပ်သားမဟုရင်အမြဲတမ်းအခက်တွေ့နေရတာလေ

" ဘာ နင် ဘာစကားပြောတာလဲ ငါက ကိုမောင် စားဖို့တကူးတကလာပေးတာလေ အာ့တာကိုနင်က ယူစားစရာလား အငတ်မရဲ့ ''

" ဘာအငတ်မလဲ နင်ပို့သမျှဟင်းက ကိုကြီး မစားတဲ့ဟင်းတွေလေ အလကားဖြစ်မှာစိုးလိူ့ စေတနာနဲ့စားပေးတာဟဲ့ နောက်တခါခွေးကျွေးပြစ်မယ် ခူတော့ ပြန်တော့ ဘယ်နှဲ့တော် မိန်းကလေးဖြစ်ပြီး ယောကျာ်းလေးနောက်ကို အမြှီးလေး တနှံ့နှံ့နဲ့လိုက်ကပ်နေတာရှက်စရာကြီး. နင့်အမေ အစားငါရှက်လိုက်တာ. ဟွန့် ''

" နင်.....နင်ငါ့ကိုခွေးနဲ့နှိုင်းတယ်ပေါ့ကြည့်နေလိုက် ကိုမောင် က တနေ့ငါ့အပိုင်ဖြစ်လာစေရမယ် ''  သက်ထားပြောပြီးခြံထဲကထွက်သွားလေရဲ့ ပန်းနုကတော့ ဒေါသတွေထွက်ပြီး လိုက်ရိုက်မယ်တကဲကဲမို့မနည်းထိန်းထားရတယ်

" အောင်မယ် ကောင်မ လူပါးဝလို့ ကိုကြီးဖယ် စမ်းပါ ပန်းနု သူ့ကိုပါးရှစ်စိတ်ကျိုးအောင်ရိုက်ချင်လို့ပါ''

🌹🌹ပန်တော်မူ🌹🌹(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ