(4) 🚨

4.5K 20 0
                                    

အဆက်မပြတ်မြည်နေတဲ့alarmသံကြောင့် Redlic တယောက်နိုးသွားရတော့သည် ထပိတ်ဖို့ပြင်လိုက်စဉ်မှာပဲ သူ့ကိုစိုက်ကြည့်နေတဲ့တစ်စုံတစ်ယောက်ကြောင့် Redlic လည်းပြန်ကြည့်မိလိုက်စဉ် ။

"ခများ ကျွန်တော့ရင်ခွင်ထဲကနေထဖို့အစီအစဉ်ရှိသေးလား"

အော် ဟုတ်သားပဲညကသူမတို့ ... ဘယ်တုန်းကတည်းကသူ့ရင်ခွင်ထဲအိပ်နေမိတာလဲ Redlic လည်းရှက်သွားရပြီး ကမန်းကတမ်း ထကာback room ထဲရေချိုးကာအဝတ်အစားလဲဖို့ပြင်တော့သည်။ သူမရုံးခန်းထဲ ဒီmini room လေးပါထည့်ထားပေမယ့် ညကသူမတို့ မွေ့ရာပေါ်တောင်မရောက်ဘဲ ဆိုဖာမှာပဲ ကဲခဲ့ကြသည်မဟုတ်လား။

.....

"ဟင်း..."

သုတမင်းအိမ်လည်းဟိုမိန်းမထသွားပြီမို့ မြည်နေတဲ့alarmအားပိတ်ကာ ထုံနေပြီဖြစ်တဲ့ လက်အားအနည်းငယ်အကျောလျှော့နေလိုက်သည်။ မိုးတောင်လင်းသွားပြီမို့ မာမီ့ကို တခါတည်းဝင်တွေ့ပြီးမှ အိမ်ပြန်ရမည်ဖြစ်သည်။ဟိုမိန်းမ အခန်းထဲဝင်သွားပုံထောက်ရင် mini room ရှိမှာကို ညကခက်ခက်ခဲခဲဆိုဖာမှာ လုပ်ခဲ့ရသည်မဟုတ်လား။ ညကအကြောင်းတွေးမိစဉ်မှာပဲ သုတတယောက် ပူထူလာရတော့သည်။ရှက်တာလား ရှက်တယ်ပြောရမှာလား။ သူလည်းမသိတော့ပေ။

ခနအကြာတော့ ဟိုမိန်းမ ခေါင်း‌ပါလျှော်ထားပုံထောက်ကာထွက်လာလေသည်။ ရေ‌သီးလေးတွေခိုနေတဲ့ မျက်နှာပြောင်လေးကအစကြည့်ကောင်းနေတာပါလား။

"ဟိတ် ဒို့ကိုနည်းနည်းကူမလားဟင် dryer မှုတ်ရပျင်းလို့ အဟင်း"

ဟား ဒီလိုအမူအရာလည်းရှိတာပဲလား။ သုတမင်းအိမ်တယောက်သူမသိလိုက်ခင်မှာပဲ ထကာသူမဆီသို့လှမ်းနေမိပြီဖြစ်သည်။ သူမခေါ်ရာအခန်းထဲသို့ဝင်ပြီး ဆံပင်အား အခြောက်ခံပေးနေမိသည်။

"ဒါ‌နဲ့လေ မင်းကစကားလည်းသိပ်မပြောဘူးနော် ဘာလဲ ဒို့ကိုမို့တမင်မပြောချင်တာလား"

"ဗျ... ဗျာ မဟုတ်ပါဘူး ကျွန်တော်သိပ်မရင်းတဲ့သူမို့..."

"ဟင် မရင်းဘူး တကယ်ကြီးလား ညကကိစ္စဖြစ်ပြီးတာတောင် မရင်းနှီးသေးဘူးလား ကောင်လေး"

Call me master!!Onde histórias criam vida. Descubra agora